Border News Agency
မြိတ်၊ အောက်တိုဘာ ၂၃။
တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ကဒဲကျေးရွာဘုန်းကြီးကျောင်းနဲ့ ကဒဲလမ်းဆုံတို့ကို အာဏာသိမ်းစစ်တပ်က ဂိုင်ရိုကော့ပတာ(Gyrocopter) သုံး စီးနဲ့တိုက်ခိုက်ခဲ့ကြောင်းတယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ မှ ထုတ်ပြန်ပါတယ်။
အဲဒီ ကဒဲရွာကို အောက်တိုဘာလ ၂၂ ရက်၊မနက် ၁၁ နာရီအချိန်က အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းရှိ သာသနိက အဆောက်အအုံတွေပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာ အရပ်သားပြည်သူတွေနဲ့တော်လှန်ရေးရဲဘော်တွေထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။
လေကြောင်းအန္တရာယ်မှကင်းဝေးစေရေးအတွက် အရပ်သားပြည်သူတွေအနေနဲ့ အထူးသတိထားရှောင်ရှားကြဖို့နဲ့ သတိလက်လွတ်မနေကြဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။














