Border News Agency
သံတွဲ၊အောက်တိုဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊သစ်ကောက်ကျေးရွာမှာကလေးတဦး မိုင်းတလုံးကိုကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီသစ်ကောက်ကျေးရွာမှ အသက်ဆယ့်နှစ်နှစ်အရွယ်မောင်လင်းထက်ပိုင်ဒဏ်ရာရသွားခဲ့တာပါ။
သူဟာအောက်တိုဘာလ ၂၆ ရက်၊ညနေ ၃ နာရီအချိန်ကကျေးရွာအနောက်ဘက်ရှိကျောက်ဖယားတောင်ခြေသို့ ဥပုသ်သည်တွေနဲ့လို
က်သွားချိန်မိုင်းတလုံးကို လက်နဲ့ ကိုင်မိခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုကိုင်မိရာမှမိုင်းပေါက်ကွဲခဲ့တာကြောင့် မောင်လင်းထက်ပိုင်ရဲ့ ညာဘက်လက်ချောင်းလေးချောင်းပြတ်ထွက်သွားခဲ့ပြီး လက်ရှိမှာတော့ဆေးကုသမှုခံယူနေရပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့်အာရက္ခပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။







