Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ယဉ်ကျေးမှုအမွေအနှစ်၊ မြို့ပြစီမံကိန်းနဲ့ ဖိနှိပ်မှု

Author picture

By

Swe Zin Htike
Reading Time: 5 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

မြောက်ဦး၊ အောက်တိုဘာ ၃၁။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနဲ့မြို့ပြစီမံကိန်းတွေအတွက်ဆိုပြီး မြေသိမ်းတာတွေ၊အိုးအိမ်ဖြိုဖျက်တာတွေ ရှိလာပါတယ်။

အဲဒီလိုမြေသိမ်းတာတွေ၊အိုးအိမ်ဖြိုဖျက်တာတွေရဲ့နောက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်တွေ ဒွန်တွဲပြီးပါလာပါတယ်။

​အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မြေသိမ်းတာတွေ၊အိုးအိမ်ဖြို ဖျက်တာတွေမှာ ဒေသခံပြည်သူလူထုထိခိုက်နစ်နာမှုတွေအတွက် အသံမထွက်နိုင်ကြဘဲ ယဉ်ကျေးမှုအမွေအနှစ်၊သဘာဝအမွေအနှစ်တွေကို ထိန်းသိမ်းဖို့နဲ့မြို့ပြစီမံကိန်းဆိုတဲ့ အကြောင်းပြချက်တွေအောက်မှာ ချောင်ပိတ်ခံထားရသလိုဖြစ်နေပါတယ်။

အဲဒီယဉ်ကျေးမှုအမွေအနှစ်၊သဘာဝအမွေအနှစ်၊မြို့ပြစီမံကိန်းစတဲ့ စကားလုံးတွေဟာ ဘယ်လိုဖြစ်လာသလဲဆိုရင် မြေသိမ်းတာတွေ၊အိုးအိမ်ဖြိုဖျက်တာတွေကို လက်ရဲဇက်ရဲလုပ်ဖို့အတွက် နယ်မြေစိုးမိုးထားနိုင်သူတွေဟာ လူ့အခွင့်အရေးဂရုစိုက်စရာမလိုဘူးလို့ လူထုကိုအကြောက်တရားပေးဖို့ လက်နက်သဖွယ်ဖြစ်နေပါတယ်။

အဲ​ဒီတော့မေးစရာရှိလာပါတယ်။ယဉ် ကျေးမှုအမွေအနှစ်၊သဘာဝအမွေအနှစ်တွေကို ထိန်းသိမ်းဖို့၊မြို့ပြတွေ ပိုပြီးစနစ်တကျသွားရေးလာရေးအဆင်ပြေဖို့အတွက် အုပ်ချုပ်သူတွေဟာမြေသိမ်းတာမျိုး လုပ်လို့မရဘူးလား။အိုးအိမ်ဖြိုဖျက်တာမျိုး လုပ်လို့မရဘူးလားလို့ မေးစရာရှိပါတယ်။

အဖြေကသိမ်းလို့ရပါတယ်။အိုးအိမ်တွေကို ဖြိုဖျက်လို့ရပါတယ်။ဒါပေမယ့် အဲဒီလိုရတယ်ဆိုတဲ့ အကြောင်းပြချက်မှာက တာဝန်ယူမှုနဲ့ တာဝန်ခံမှုကပ်ပါလာပါတယ်။

​ငါတို့ကအာဏာရှိသူတွေ။ငါတို့ လုပ်မယ် ဒါကို ဆိုးဆိုးကောင်းကောင်းထောက်ခံကြဆိုတဲ့ သဘောမျိုးက ရေရှည်မှာ အန္တရာယ်များပါတယ်။

သမိုင်းရဲ့ ရှေ့ဘက်အချိန်ကာလတခုမှာ မြို့တော်တခုတည်ဆောက်မယ်။အဲဒီမြို့တော်ဟာ အချိန်ကာလတခုမှာ ပျက်စီးသွားတယ်။ နောက်သမိုင်းအချိုးအကွေ့တခုမှာ အဲဒီလို ပျက်

စီးသွားတဲ့ နေရာပေါ်မှာ လူတွေနေထိုင်လာတယ်ဆိုတဲ့ အရင်သမိုင်းကြောင်းအရရှိခဲ့တဲ့နေရာ ပေါ်မှာနောက်ထပ်လူတွေ ထပ်နေ တဲ့ “Multi-layer settlement” မျိုးဟာ ယဉ်ကျေးမှု အမွေအနှစ် နေရာတချို့မှာ ရှိပါတယ်။

အဲဒီလို လူတွေထပ်နေလို့လည်း တခါတခါမှာ “Superposition” ဒါမှမဟုတ် “Stratigraphy” ဆိုမျိုး အလွှာလိုက်တည်ရှိမှုကြီးမားနေတဲ့တွေလည်းရှိပါတယ်။

ဥပမာ အိန္ဒိယမှာ အရင်က ဟိန္ဒုဘုရားကျောင်း၊ နောက်ပြီးအစ္စလာမ်အုပ်ချုပ်သူတွေ ရှိလာတဲ့အခါ အဲဒီ ဟိန္ဒုဘုရားကျောင်းနေရာပေါ်မှာ ဗလီထပ်ဆောက်၊ နောက်တခါ ဗလီကို တခါ ဟိန္ဒုဘုရားကျောင်း ပြန်လုပ် ဆိုတဲ့ အလွှာလိုက်တည်ရှိမှု ကြီးမားနေတာမျိုးလည်း ယဉ်ကျေးမှု အမွေအနှစ်နေရာတွေမှာ ရှိတတ်ပါတယ်။

ဒါပေမယ့် မြောက်ဦး နန်းတော် ပျက်ပြီးနောက် တဖန်ပြန်အခြေချလာတဲ့ မြောက်ဦးရဲ့ လူနေထိုင်မှုဟာအဲဒီလို ကြီးမားတဲ့ အလွှာလိုက်တည်ရှိမှုမျိုးတော့ မဟုတ်ပါဘူး။

မြောက်ဦးရဲ့တဖန်ပြန်အခြေချနေထိုင်မှုဟာ ရခိုင်က တခြားမြို့တွေနဲ့ သဘောတရားချင်းမကွာပါဘူး။

မြစ်ကြောင်းတလျှောက်မှာသာ နေရာယူ အခြေချကြတာမျိုးက တခြားရခိုင် မြို့ရွာတွေရဲ့ မြစ်ကြောင်း အခြေပြု အခြေချမှုတွေနဲ့ အတူတူပါ။

​အဲလိုသမိုင်းတကွေ့မှာ ပြန်အခြေ ချနေထိုင်မှုဟာ ပြစ်မှုတခုလား။

​အဖြေကအဲဒီလိုသမိုင်းတကွေ့မှာ ပြန်ပြီး မြို့ရွာ အခြေချမှုဟာ ပြစ်မှုကျူးလွန်မှု မဟုတ်ပါဘူး။ ထပ်ဖြေရရင် ဒါဟာ ရှေးဟောင်းသုတေသနအမြင်ရဲ့ အောက်မှာ ဓားစာခံမဖြစ်သင့်ပါဘူး။

ရှေးဟောင်းသုတေသနပညာရပ်ဟာ လူသားဂုဏ်သိက္ခာကိုလေးစားတဲ့ ပညာရပ်ပါ။ လူတွေကို တိရိစ္ဆာန်လို အပြစ်မြင်ရမယ့် ပညာရပ်မဟုတ်ပါဘူး။ လူသားတန်းဖိုးကို အခြေခံတဲ့ ပညာရပ်ပါ။လူသားတွေကို ဗဟိုပြုပြီး လူသားရဲ့ အကျိုးစီးပွားကို သယ်ပိုးရမယ့်ပညာရပ်ပါ။

​မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းဖို့ကအရေးကြီးတယ်ဆိုတဲ့ အချက်တခုတည်းနဲ့ လူတွေအတွက် ပြည့်စုံမှုမရှိပါဘူး။ လူသားတန်ဖိုးကို ဗဟိုပြုပြီး မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမှသာပြည့်စုံမှာပါ။

​အမွေအနှစ်ထိန်းသိမ်းရေး၊ မြို့ပြစီမံ ကိန်းလုပ်ငန်းစဉ်တွေဟာ လူတွေကို ဖိ နှိပ်ဖို့ လက်နက်တခု မဖြစ်သင့်သလိုလူထုကို အာဏာပြနှိပ်ကွပ်ဖို့အတွက် လက်နက်လည်း မဖြစ်သင့်ပါဘူး။

လူသားကို ဗဟိုပြုတဲ့ လူ့ဂုဏ်သိက္ခာကို လေးစားတဲ့စီမံကိန်းတွေသာ ဖြစ်ရမှာပါ။

​နဂိုရှိရင်းစွဲ ကာလရှည်နေထိုင်မှု

​မြောက်ဦးရဲ့ လူနေထိုင်မှုဟာ ယဉ်ကျေးမှုအမွေအနှစ် အဖြစ် သတ်မှတ်ပြီးခါမှ အဲဒီနေရာမှာ လူတွေလာပြီးကျူးကျော်နေထိုင်တာ မဟုတ်ဘဲ သမိုင်းတကွေ့မှာ ပြန်နေထိုင်လာရင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ဖြစ်လာတဲ့ ကိစ္စပါ။

မြောက်ဦးကိုတန်ဖိုးထားရင် မြောက်ဦးက ဒေသခံတွေကိုလည်း တန်ဖိုးထားဖို့လိုပါတယ်။ မြောက်ဦးရဲ့ ကောင်းခြင်း ဆိုးခြင်းနဲ့ တထပ်တည်းကျနေသူတွေဟာ မြောက်ဦးဒေသခံတွေသာဖြစ်ပါတယ်။

မြောက်ဦးနန်းတော်ပျက်ပြီး သမိုင်းတကွေ့မှာ ပြန်ပြီးကိုယ့်ရဲ့ဘိုးဘေးတွေက အခြေချနေထိုင်လာတဲ့ ကိစ္စတခုဟာ အပြစ်တခုမဟုတ်သလိုအပြစ်လည်း မတင်ထိုက်ပါဘူး။

​နောက်ပြီး မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားပါတယ် ဆိုပြီး အဲဒီအတွက်တာဝန်ယူထားတဲ့သူတွေဟာ ကိုယ့်တာဝန်ကို ကိုင်ပြီး လုပ်ပိုင်ခွင့်နဲ့ လူတွေကို အာဏာပြဖို့ပဲ မစဉ်းစားသင့်ပါဘူး။

မြောက်ဦးအတွက် မြောက်ဦးဒေသခံတွေဟာ တရားခံတွေမဟုတ်ပါဘူး။

​လူသားကို ဗဟိုမပြုရင် ယူနက်စကိုဘာလုပ်မယ်ထင်လဲ

​အိုးအိမ်တွေကို ဖြိုဖျက်တာတွေ၊လူတွေကို နှင်ထုတ်တာတွေနဲ့ ပတ်သက်လို့ မြောက်ဦးလို နဂိုအရင်ကပင် နေထိုင်လာတဲ့သူတွေကိုထားပါတော့၊ ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်ပြီးခါမှ အဲဒီနေရာတွေမှာ မိမိတို့ဘဝရပ်တည်ရေးအတွက် နေထိုင်နေရတဲ့သူတွေကိုတောင် အတင်းအကျပ်မောင်းထုတ်ရင် ဘာတွေ ဖြစ်မလဲ ဆိုတာက သတိထားကြည့်ရင် သိပ်အဝေးကြီးမှာ ရှာနေစရာမလိုပါဘူး။

​ကမ္ဘောဒီးယားက အန်ကောဝပ် မှာ သင်ခန်းစာရှိပါတယ်။ အန်ကောဝပ်ကို ကမ္ဘာလှည့်ခရီးသည်တွေ လာကြတော့ အဲဒီအပေါ်မှာ အခြေခံပြီး သာမန်လက်လုပ်လက်စားတွေဟာ အလုပ်အကိုင်တွေ ရှာကြပါတယ်။

ပြဿနာက အဲဒီလို လက်လုပ်လက်စားတွေအတွက် အလုပ်ရှိတဲ့ အန်ကောဝပ်နယ်မြေနဲ့ သူတို့နေရာ ဝေးတဲ့အခါ တဖြေးဖြေးနဲ့ အဲဒီ နယ်မြေမှာပဲ နေထိုင်လာပါတယ်။

ကနဦးပိုင်းမှာသိပ်မဆိုးပေမယ့် နောက်ပိုင်းမှာတော့ အဲဒီနေထိုင်မှုက ယဉ်ကျေးမှုနယ်မြေကို ထိခိုက်မှုတွေရှိလာပါတယ်။

အဲဒီတော့ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ပညာရှင်တွေက ထောက်ပြလာကြပါတယ်။

ကမ္ဘောဒီးယားအစိုးရ ဆိုတာကလည်း သိတဲ့အတိုင်းပါပဲ။ တပါတီဆန်ဆန်နဲ့ အာဏာကို မဟာခေါင်းဆောင်ကြီး ဟွန်ဆန်ဆီမှာပဲ ထားတဲ့ စနစ်မျိုးဖြစ်နေတော့ လူ့အခွင့်အရေးတို့ လူ့ဂုဏ်သိက္ခာတို့ကို တန်ဖိုးထားတဲ့ သူတွေ မဟုတ်ပါဘူး။

အဲဒီလို အာဏာကိုငမ်းဖမ်းပြီး လူတွေကို ဖိနှိပ်ချင်တဲ့သူတွေမှာ “ပြဿနာ တရပ်ကို နိုင်ငံရေးအမြတ်ထုတ်” တတ်တဲ့ အကျင့်လည်းရှိနေပါတယ်။

​နိုင်ငံတကာက ရှေးဟောင်းအမွေအနှစ် ပညာရှင်တွေကလည်း ပြောနေ၊ အန်ကောဝပ်ကို ကာကွယ်ရမယ် ဆိုတာကလည်း ခမာအမျိုးသားရေးအရ ပွဲဗန်းခင်းလို့လည်းရ ဖြစ်နေတော့…အန်ကောဝပ်နယ်မြေထဲမှာ အဲဒီလိုလာနေ တဲ့သူတွေကို တရားခံ အနေနဲ့ တံဆိပ်ကပ်လိုက်လို့ကလည်း အဆင်ပြေနေပါတယ်။

အဲလိုတံဆိပ်ကပ် ပြီး ဟွန်ဆန်တို့ဟာ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ခေါင်းစဉ်အောက်မှာ လူတွေနေထိုင်တာတွေကို ဖြိုသတ်ကြပါတော့တယ်။

အဲဒီလိုဖြိုသတ်တဲ့အခါ တချို့နေထိုင်သူတွေဟာ သူတို့ဘဝ ရပ်တည်ချက် အဆင်မပြေလွန်းလို့ တခြားနေထိုင်ရာမရှိလို့ နေတဲ့သူတွေလည်း ပါနေပါတယ်။

အဲဒီတော့ ကမ္ဘောဒီးယား အစိုးရဘက်က ဟန်ပြကုစားရေးအစီအစဉ်တွေကို လုပ်ပါတော့တယ်။ အခြေခံအဆောက်အအုံတွေလည်းမရှိ၊ သန့်ရှင်းတဲ့သောက်သုံးရေလည်း မရှိ၊ လုပ်စားကိုင်စားလို့လည်းမရ တဲ့နေရာတွေဆီကို အဓမ္မပြောင်းရွှေ့ခိုင်းတာပါ။

ကမ္ဘောဒီးယားအစိုးရရဲ့ ပြောင်းရွှေ့ကုစားမှု အစီအစဉ်က ဒီမှာလာမလုပ်စားကြနဲ့၊ ငါရှေ့ပေးတဲ့နေရာမှာ ငတ်သေကြဆိုတဲ့ သဘောပါပဲ။

အဲဒီတော့ ပြောင်းရွှေ့ရမယ့်သူတွေက ကမ္ဘောဒီးယားအစိုးရကို တောင်းဆိုကြပါတယ်။ သူတို့အတွက် အဆင်ပြေနိုင်မယ့် အခြေအနေကို ဖန်တီးဖို့ငိုယိုပြီးတောင်းဆိုကြပေမယ့် အာဏာငမ်းဖမ်းတဲ့သူတွေအတွက်ကတော့ လူတွေ မျက်ရည်ဟာ သူတို့အတွက် ချိုမြိန်ပါတယ်။

လူတယောက်ဟာ သူတို့လက်ချက်နဲ့ လမ်းဘေးမှာ ခွေးလေ ခွေးလွင့်လို့ ဖြစ်နေတာကို မြင်ရရင် သူတို့အတွက် အရသာခံစရာ မြင်ကွင်းဖြစ်သွားပါတယ်။သာမန် လူထုရဲ့ မျက်ရည်နဲ့ ပူလောင်မှုကို ညစ်ထုတ်ပြီး အန်ကောဝပ် နယ်မြေကိုကာကွယ်ပြမှုကို အမှတ်ယူနေကြပါတယ်။

အဲ​ဒီလို စိတ်မချမ်းမြေ့စရာတွေ ဖြစ်လာတဲ့အခါ Amnesty International လို့ အဖွဲ့မျိုးတွေက နိုင်ငံတကာမျက်နှာစာမှာ အော်လာပါတော့တယ်။

၂၀၂၃ ခုနှစ်မှာ Amnesty International ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ကြိမ်တိတိ ထုတ်ပြန်ခဲ့ပါတယ်။ Amnesty International က ပြောလာတဲ့အခါ အာဏာငမ်းဖမ်းသူတွေရဲ့ ထုံးစံအတိုင်းပါပဲ။ ဟွန်ဆန်တို့က လက်မခံပါဘူး။

ခက်တာက ဟွန်ဆန် တို့က ပယ်ချနေပေမယ့် နေရင်းထိုင်ရင်း ခေါင်းကျိမ်းလာသူက UNESCO ဖြစ်နေပါတယ်။ UNESCO ကိုလည်း ဒီ ဖြစ်ရပ်ဟာ ဖိအား အဖြစ်သက်ရောက်လာပါတယ်။

အဲဒီတော့ ယူနက်စကိုဘက်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အတင်းအကျပ်နေရာရွေ့ပြောင်းတာ၊ နေရာဖယ်ခိုင်းတာဟာ ယူနက်စကိုက လက်ခံတဲ့ ကိစ္စမဟုတ်ပါဘူး။

Operational Guidelines for the implementation of the World Heritage Convention အရ ဒီလို အတင်းအကျပ် နေရာရွေ့ပြောင်းတာ၊ ပြန်လည် ကုစားပေးရမယ့် အစီအစဉ်တွေမရှိတာ၊ အိုးအိမ်တွေကို ဖြိုသတ်နေတာကို ယူနက်စကိုရဲ့ စံနှုန်းတွေက လက်မခံပါဘူး။

ယူနက်စကို အနေနဲ့ အတင်းအကျပ်ရွှေ့ပြောင်းခံရတဲ့သူတွေရဲ့ လူ့အခွင့်အရေးကို လေးစားတယ်လို့ ဖော်ပြလာပါတယ်။

ယူနက်စကိုရဲ့ မူဘောင်ထဲကနေ ဟွန်ဆန်တို့လည်း ဖိအားပေးခံရပါတယ်။ ဒီဖြစ်စဉ်တွေနောက်ဆက်တွဲ သုံးသပ်မှုတွေကို ၂၀၂၄ ခုနှစ်မှာ လုပ်မယ်လို့ ယူနက်စကိုက ဆိုလာပါတယ်။

​လတ်တလော UNESCO ခေါင်းကျိမ်းနေတဲ့အချက်

​ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝအမွေအနှစ်တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်က သရော်သလို နာမည်ပေးထားတဲ့ စကားလုံးတွေရှိပါတယ်။

(Conservation Heritage) ဆိုတဲ့ အမွေအနှစ် ထိန်းသိမ်းရေးကို လုပ်နေတာလား၊ (Conservation Displacement) ဆိုတဲ့ လူတွေကို နေရာရွေ့ပြောင်းနေမှု ကို ထိန်းသိမ်းနေတာလား၊ (Fortress Conservation) ဆိုတဲ့ လူတွေကို နယ်မြေထဲက ကန်ထုတ်ပြီး ပြန်ဝင်မလာနိုင်အောင် ခံတပ်လုပ်ပြီး အဲဒီခံတပ်ကို ထိန်းသိမ်းရေးလား ဆိုတဲ့ စကားလုံးတွေပါ။

နယ်မြေတခုဟာ အမွေအနှစ်စာရင်းထဲ ဝင်လာရင် နိုင်ငံခြားခရီးသွားတွေ ဝင်လာလို့ ဒေါ်လာရမယ်ဆိုတာကနောက် လောလောဆယ် ကိုယ်အိမ်ကို ဖြိုသတ်ခံရမယ့်ကိန်းမျိုးဆိုက်နေတော့ အဲဒီ စကားလုံးတွေဟာ မမှားပါဘူး။

​လက်ရှိမှာ ယူနက်စကိုဟာ အမွေအနှစ်နဲ့ ပတ်သက်လို့ စာရင်းပေါက် အင်းပေါက် ခေါင်းကျိမ်းနေတဲ့ ဖြစ်စဉ်သုံးခုရှိပါတယ်။

တခုက ကမ္ဘောဒီးယားက ဟွန်ဆန်တို့လို အမွေအနှစ်ချစ်မြတ်နိုးလွန်းလှသူတွေ လက်ချက်နဲ့ အိုးအိမ်တွေ ဖြိုသတ်ထားလို့ ခုထိရှင်းမနိုင်သေးတဲ့ ကိစ္စရယ်။ဟွန်ဆန်လိုပဲ လက်စနက်စ မသေးတဲ့ တန်ဇန်နီးယားနိုင်ငံက ငိုရွန်ဂိုရို သဘာဝ အမွေအနှစ် နယ်မြေ (Ngorongoro Conservation Area) နဲ့ ဥဇဘက်ကစ္စတန် က ဆာမာရ်ကန်ဒ် မြို့ပြ နယ်မြေ (Samarkand)ကိစ္စတွေပါ။

တန်ဇန်နီးယားနိုင်ငံက ငိုရွန်ဂိုရို သဘာဝ အမွေအနှစ် နယ်မြေ (Ngorongoro Conser vation Area) မှာတော့ အမွေအနှစ် နယ်မြေ မသတ်မှတ်ခင်ကပင် နေထိုင်လာခဲ့တဲ့ ဌာနေတိုင်းရင်းသား မာဆိုင်း (Maasai) လူမျိုးတွေဟာ ဘိုးဘွားစဉ်ဆက္ နေထိုင်ရာနယ်မြေကနေ ဆက်တိုက် ဖယ်ရှားခံနေရပြီး မွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်တွေကန့်သတ်ခံနေရပါတယ်။

မာဆိုင်းလူမျိုးတွေရဲ့ နေထိုင်မှုဟာ ငိုရွန်ဂိုရို သဘာဝ အမွေအနှစ် နယ်မြေ ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။အမွေအနှစ်နယ်မြေရဲ့ ပြယုဂ် ဆိုတာက အဲဒီ အမွေအနှစ် နယ်မြေရဲ့ သဘာဝရှူခင်း၊ ယဉ်ကျေးမှု လက်ရာတွေကသာ ဆွဲဆောင်တာ မဟုတ်ဘဲ လူတွေရဲ့ နေထိုင်တဲ့ ပုံစံကလည်း ဆွဲဆောင်မှု ဖြစ်နေတာပါ။

ဥပမာ- အင်းလေးကန် ဆိုရင် အင်းလေးရေပြင်ကပဲ ဆွဲဆောင်တာ မဟုတ်ပါဘူး။ လူတွေရဲ့ ခြေနဲ့ လှော်တဲ့စနစ်ကလည်း ဆွဲဆောင်ပါတယ်။ နောက်ပြီး ပဒေါင်း လူမျိုးတွေလိုမျိုး သူတို့ရဲ့ အသွင်အပြင်ကလည်း အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတာမျိုးပါ။

အဲဒီလိုပဲ ငိုရွန်ဂိုရို သဘာဝ အမွေအနှစ် နယ်မြေမှာ မာဆိုင်း (Maasai) လူမျိုးတွေဟာ လည်း ပြယုဂ်တခုပါ။ ငိုရွန်ဂိုရိုကို ထိန်းသိမ်းရေးနယ်မြေ အဖြစ် ၁၉၅၉ ခုနှစ်မှာ စတင်သတ်မှတ်စဉ်ကတည်းက တောရိုင်းတိရစ္ဆာန်တွေနဲ့အတူ မာဆိုင်းလူမျိုးတွေရဲ့ မွေးမြူရေးလုပ်ငန်းတွေကိုပါ အတူတကွ တွဲဖက်လုပ်ကိုင်ခွင့်ပြုမယ့် “မျိုးစုံမြေယာအသုံးပြုမှုစနစ် (Multiple Land Use Model)” ပေါ်မှာ အခြေခံ ထူထောင်ခဲ့တာပါ။

နောက်ပိုင်းမှာ ခေတ်အခြေအနေပြောင်းလဲလာတော့ မာဆိုင်း (Maasai) တွေရဲ့ နေထိုင်မှုကလည်း ခေတ်နဲ့ ယှဉ်လာတော့ အရင်မာဆိုင်း အငွေ့အသက်တွေသိပ်မရတာလည်းရှိလာပါတယ်။

ဥပမာ အင်းလေးကန်မှာလှေကို ခြေနဲ့မလှော်ဘဲ လှေမှာ စက်တပ်ပြီးသွားလာတာကို မြင်ရင် နဂို ခြေနဲ့လှော်တဲ့ မြင်ကွင်းအရသာ မရတော့သလိုမျိုးပါ။

မာဆိုင်းတွေရဲ့ခေတ်ရေစီးကြောင်းက အဲဒီ သဘောပါပဲ။ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ အဲလို မူလအရသာ ပျက်လာတဲ့ မာဆိုင်းတွေရဲ့ နေထိုင်မှုကို တန်ဇန်နီးယား အစိုးရကဖယ်ရှားလာပါတယ်။

သဘောက အရင်လိုပုံစံမနေဘူးဆိုရင် အခြားနေရာမှာနေ၊ အရင်လိုမနေရင် အမွေအနှစ်ရဲ့ မူလတန်ဖိုးပျက်တယ်ပေါ့။ ခက်တာက မာဆိုင်းတွေကလည်း သူတို့ရပ်ရွာက တခြားနေရာကို မရွေ့ချင်ကြဘူး။

အဲဒီလိုနဲ့ နောက်ပိုင်းမှာ တန်ဇန်နီးယား အစိုးရက အတင်းအကျပ် နေရာရွှေ့ ပြောင်းခိုင်းတာတွေလုပ်လာတဲ့ အခါ ပြဿနာတွေက ဖြစ်လာပြီး ပွက်လောရိုက်ကုန်ကာ နိုင်ငံတကာထိ ရောက်သွားပါတော့တယ်။

​ဥဇ္ဇဘက်ကစ္စတန်က ပိုးလမ်းမက အိပ်မက် မြို့တော် ဆာမားရ္ကန့်ဒ် မြို့ပြနယ်မြေကို (Samarkand Crossroads of Cultures) ယူနက်စကိုက ၂၀၀၁ ခုနှစ် မှာ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ် မှတ်ခဲ့ပါတယ်။

အဲဒီအချိန်က ဘာမှပြဿနာမရှိသေးပါဘူး။ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ပြီးသား အဲဒီသမိုင်းဝင်မြို့တော်ရဲ့ အလယ်ဗဟိုလောက် က အဲယ္ မာတူရိဒိ (al-Maturidi ) ဘုရားကျောင်းအနီး မှာ မူလ်တိုနီ ရိုမာ လူမျိုးစုနဲ့ တာဂျစ် လူမျိုးစု (Multoni Roma and Tajik minorities) တွေ နေတဲ့ ရပ်ကွက်တွေ ရှိပါတယ်။

မူလ်တိုနီ ရိုမာ လူမျိုးစုနဲ့ တာဂျစ် လူမျိုးစု တွေက ဆင်းရဲကြပါတယ်။ ဆင်းရဲတော့ ဆင်းရဲသားတွေနေတဲ့ နေရာလိုမျိုးပဲ ရှိမှာပါ။

အဲဒီတော့ ဥဇ္ဇဘက်ကစ္စတန်ရဲ့ ခေါင်းဆောင်ကြီးတွေက မြို့ပြ ဥပဓိရုပ်နဲ့ သမိုင်းဝင် အမွေအနှစ်ရဲ့ဂုဏ်ကို ညိုးနွမ်းစေတယ်ပေါ့။

အဲဒီတော့ ဒီလိုအမွေအနှစ်တန်းဝင်တဲ့ နေရာဟာ ဆင်းရဲတဲ့ သူတွေနဲ့ မတန်ဘူးပေါ့။

အဲဒီနေရာတွေမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဟိုတယ်ကြီးတွေ၊ ကြီးမားတဲ့ ဗလီဝတ်ကျောင်းတော်နဲ့ ခရီးသွား အဆောက်အအုံတွေ ဆောက်လုပ်မယ်ပေါ့။

အဲဒီ ဆောက်လုပ်မယ့် ဟိုတယ်တွေ၊ မိုတယ်တွေကို ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုးလွန်းလှပါသော၊ အလွန်ထိန်းသိမ်းစောင့်ရှောက်ချင်လှပါသော ခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးတွေကပဲ အနစ်နာခံပြီး ပိုင်ဆိုင်ပေးပါလိမ့်မယ်။

အဲဒါကြောင့် ဆင်းရဲသား ဖွတ်ကျားတွေကို ဖယ်ရှားပါတော့တယ်။ ၂၀၂၅ ခုနှစ် နွေဦးရာသီမှာ ဒေသခံ ၁,၂၀၀ ကျော်ရဲ့ အိမ်တွေကိုတရားဥပဒေအရ အကာအကွယ်ပေးမှု၊ လျော်ကြေးပေးမှုနဲ့ သင့်လျော်တဲ့ နေရာချထားပေးမှု လုံးဝမရှိဘဲ ချက်ချင်း ဖျက်ဆီးဖယ်ရှားပစ်ခဲ့တာပါ။

​အဲဒီကမ္ဘောဒီးယား၊ တန်ဇန်နီးယားက အမွေအနှစ် နယ်မြေထိန်းသိမ်းရေးနဲ့ ဥဇ္ဇဘက်ကစ္စတန်က အမွေအနှစ်နယ်မြေနဲ့ဆက်စပ်တဲ့ မြို့ပြစီမံကိန်းတွေ နဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ထဲမှာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ကိုယ်တိုင်က ယူနက်စကို အပေါ် ဖိအားပေးထုတ်ပြန်ခဲ့ပါတယ်။

အဲ​ဒီနေရာမှာ တန်ဇန်နီးယားနဲ့ ဥဇ္ဇဘက်ကစ္စတန်က ကိစ္စတွေက အမွေအနှစ် မသတ်မှတ်ခင်ကပင် နေထိုင်လာသူတွေ ဖြစ်ပြီး ကမ္ဘောဒီးယား ကိစ္စက ယဉ်ကျေးမှုနယ်မြေအတွင်း ကျူးကျော်နေထိုင်မှုလို့ ပြောလို့ရပါတယ်။

ဘယ်လိုပဲ ဖြစ်နေပါစေ အမွေအနှစ်နယ်မြေကို ထိန်းသိမ်းရေး၊ မြို့ပြတည်ဆောက်ရေး စတဲ့အချက်တွေအတွက် အတင်းအကျပ်မောင်းထုတ်တာ၊ အိုးအိမ်တွေကို ဖြိုသတ်တာ၊ ပြန်လည်နေရာချထားရေးအစီအစဉ်တွေကို အကောင်အထည်မဖော်တာ၊ ဒါမှမဟုတ် ဟန်ပြသာအကောင်အထည်ဖော်တာ၊ အမြတ်ထုတ်တာတွေကို ယူနက်စကိုက လက်မခံပါဘူး။

အဲဒီလိုမျိုးဖြစ်ရပ်မျိုးရှိလာရင် ယူနက်စကို အပေါ်မှာလည်း ဖိအားတွေ ဖြစ်လာပြီး ယူနက်စကိုဟာ သူရဲ့မူဘောင်ထဲက အရေးယူဖြေရှင်းလာရပါတယ်။

ယူနက်စကိုရဲ့ ရပ်တည်ချက်က အမွေအနှစ်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့၊ ဆက်စပ်တဲ့ နယ်ပါယ်တွေထဲမှာ အိုးအိမ်တွေဖျက်ဆီးတာ၊ ပြန်လည်ကုစားရေး အစီအစဉ်တွေ မရှိတာ၊ လျော်ကြေးပေးမှုတွေ မရှိတာ၊ ဟန်ပြ လျော်ကြေးပေးပြတာ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တာတွေကို ဆန့်ကျင်ပါတယ်။

အဲဒီလို ချိုးဖောက်တာတွေရှိလာတဲ့အခါ အမွေအနှစ်ထိန်းသိမ်းရေးအပေါ် ထိ ခိုက်လာပါတယ်။

​Non State Actor တွေ ဟာလည်း ကျင့်ဝတ်အရ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့အမွေအနှစ်တွေကို ကာကွယ်ပေးဖို့တာဝန်ရှိပါတယ်။

Non State Actor တွေဟာလည်း အမွေ အနှစ် ထိန်းသိမ်းရေးနဲ့ဆက်စပ်တဲ့ မြို့ပြစီမံကိန်းတွေမှာ လူ့အခွင့်အရေးနဲ့ လူသားဗဟိုပြုမှုကို ဖောက်ဖျက်လို့မရပါဘူး။

ကမ္ဘောဒီးယား၊ တန်ဇန်နီးယားနဲ့ ဥဇ္ဇဘက်ကစ္စတန်မှာ အမွေအနှစ်ထိန်းသိမ်းရေး ခေါင်းစဉ်အောက် လူတွေကို နေရာဖယ်ရှားတာ၊ အိုးအိမ်တွေကို ဖြိုသတ်တာ၊ တရားမျှတမှုပါတဲ့ ကုစားမှု နေရာချထားမှုတွေ မလုပ်တာ၊ နိုင်ငံရေးအမြတ်ထုတ်တာ စတဲ့ အချက်တွေကြောင့် ယူနက်စကို ကိုယ်တိုင် ခေါင်းကျိမ်းနေရပါတယ်။

​လက်ရှိ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ မြို့ပြစီမံကိန်း စတဲ့ အချက်တွေရဲ့နောက်မှာ

မြေသိမ်းခံရမှုတွေ၊ အိုးအိမ်ဖျက်ခံရမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ၊ ဖိအားပေးခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

အဲဒီလိုဖမ်းဆီးတဲ့အခါ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး အပါအဝင် မြို့ပြစီမံကိန်းတွေရဲ့ အကျိုးဆက် မြေသိမ်းတာတွေ၊အိုးအိမ်ဖျက်တာတွေကို အခြေခံပြီး ကိုယ့်ရဲ့အခွင့်အရေးနဲ့ နစ်နာမှုကို ဖော်ပြတာတွေကြောင့်လို့ မပြောဘဲ အာဏာရှိသူတွေဟာ တခြား ခေါင်းစဉ်အကြောင်းအရာတွေ တပ်ပြီး ဖိနှိပ်တာတွေ၊လူတွေကို အကြောက်တရားနဲ့ အသံမထွက်ရဲအောင် လုပ်တာတွေရှိနေပါတယ်။

​ယူနက်စကိုအတွက်တော့ ကမ္ဘောဒီး ယား၊ တန်ဇန်နီးယားနဲ့ ဥဇ္ဇဘက်ကစ္စတန် လို အမွေအနှစ်အဖြစ် သတ်မှတ်ပြီးသား နေရာတွေက ကိစ္စတွေကြောင့် ခေါင်းကိုက်နေတဲ့ အထဲ ထူးထူးဆန်းဆန်း အမွေအနှစ်စာရင်းတောင် မဝင်ရသေးခင် စာရင်းသွင်းထားတဲ့ အဆင့်ကတည်းက ပြဿနာကို အရင်ဖန်တီးထားတဲ့ နောက်ထပ် စပယ်ရှယ်ခေါင်းကျိမ်းမယ့်ကိစ္စရပ်တခုနဲ့ ကြုံရမယ့် ကိန်းလည်း ဆိုက်နေပါပြီ။

​

ကိုးကား…

အန်ကောဝပ် ရှေးဟောင်း အမွေအနှစ်နယ်မြေ အတွင်း အတင်းအဓမ္မ ဖယ်ရှားမှုနဲ့ပတ်သက်လို့ Amnesty International မှ ယူနက်စကိုအား ဖိအားပေးထုတ်ပြန်ချက် (၂၀၂၃ ခုနှစ်)

Cambodia: ‘Nobody wants to leave their home’: mass forced evictions at Cambodia’s UNESCO world heritage site of Angkor

အန်ကောဝပ် ရှေးဟောင်း အမွေအနှစ်နယ်မြေအတွင်း အတင်းအဓမ္မဖယ်ရှားမှုနဲ့ပတ်သက်လို့ Amnesty International မှ ထုတ်ပြန်ချက် (၂၀၂၃ ခုနှစ်)

Cambodia: Mass evictions at UNESCO World Heritage site Angkor violate international law

အန်ကောဝပ် ရှေးဟောင်း အမွေအနှစ်နယ်မြေအတွင်း အတင်းအဓမ္မဖယ်ရှားမှုနဲ့ပတ်သက်လို့ Amnesty International မှ ထုတ်ပြန်ချက်

https://www.amnesty.org.au/cambodia-nobody-wants-to-leave-their-home-mass-forced-evictions-at-cambodias-unesco-world-heritage-site-of-angkor

ယူနက်စကိုမှ အန်ကောဝပ်အတင်းအဓမ္မဖယ်ရှားမှုနဲ့ပတ်သက်လို့ ထုတ်ပြန်ချက် (၂၀၂၃ ခုနှစ်)

https://whc.unesco.org/en/news/2629

​ကုလသမဂ္ဂ ကျွမ်းကျင်သူ အထူးကိုယ်စားလှယ်များမှ အန်ကောဝပ် နေရာ ဖယ်ရှားမှုနဲ့ ပတ်သက်လို့ ယူနက်စကိုအား ဖိအားပေး ထုတ်ပြန်ချက် (၂၀၂၄ ခုနှစ်)

https://www.ohchr.org/en/press-releases/2024/12/cambodia-experts-alarmed-over-forced-resettlement-due-heritage-conservation

အန်ကောဝပ် ရှေးဟောင်း အမွေအနှစ်နယ်မြေ အတွင်း အတင်းအဓမ္မဖယ် ရှားမှုနဲ့ပတ်သက်လို့ ယူနက်စကိုအား Amnesty International မှ ဖိအားပေး ထုတ်ပြန်ချက်

https://www.amnesty.org.uk/latest/cambodia-unesco-meeting-must-condemn-forced-eviction-families-living-angkor

ကုလသမဂ္ဂ ကျွမ်းကျင်သူ အထူးကိုယ်စားလှယ်တွေက ကမ္ဘောဒီးယား၊ တန်ဇန်နီးယားနဲ့ ဥဇ္ဇဘက်ကစ္စတန် ရှိ နေရာ ဖယ်ရှားမှုနဲ့ ပတ်သက်လို့ ယူနက်စကိုအား ဖိအားပေး ထုတ်ပြန်ချက် (၂၀၂၅ ခုနှစ်)

https://www.ohchr.org/en/press-releases/2025/10/uzbekistan-and-unesco-must-address-forced-evictions-world-heritage-sites?hl=en-GB

တန်ဇန်နီးယားနဲ့ ပတ်သက်လို့ ယူနက်စကိုအား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ The Oakland Institute မှာ ဖိအားပေးချက် (၂၀၂၆ ခုနှစ်)

https://www.oaklandinstitute.org/public-statement/no-heritage-without-its-people

စစ်ပွဲအတွင်းက ကမ္ဘာ့အမွေအနှစ် နေရာ နဲ့ပတ်သက်လို့ ICRC နဲ့ UNESCO သဘောတူညီချက် စံနှုန်း

https://www.icrc.org/en/document/cultural-property-protected-in-armed-conflict?hl=en-GB

ယူနက်စကိုရဲ့လူ့အခွင့်အရေးဆိုင်ရာစံနှုန်း

https://www.unesco.org/en/fieldoffice/geneva/expertise?hl=en-GB
PrevPreviousစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်စုံစမ်းနေတယ်လို့ IIMM ပြော
Nextရိုဟင်ဂျာတွေဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး IIMM အထောက်အထားစုဆောင်းနေNext
Previous Post

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်စုံစမ်းနေတယ်လို့ IIMM ပြော

Next Post

ရိုဟင်ဂျာတွေဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး IIMM အထောက်အထားစုဆောင်းနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - AA

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်စုံစမ်းနေတယ်လို့ IIMM ပြော

October 31, 2026
ဓာတ်ပုံ - AA

နတ်ရေကန်ဗျူဟာကုန်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေ

October 31, 2026
​ဓာတ်ပုံ - The Naf Waves

မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်

October 30, 2026
​ဓာတ်ပုံ - One Nation News

အာရက္ခဒေသမှာမျိုးဆက်သစ်ကျင်သန်တွေပေါ်ထွက်ရေး ရိုးရာကျင်ပွဲကျင်းပ

October 29, 2026

နတ်ရေကန်ဗျူဟာကုန်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေ

ကျောက်ဆိပ်ရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

မဲဆောက်မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့

မြန်မာသို့ပို့မယ့်ဘိလပ်မြေတွေ ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

ခွင့်ပြန်အလုပ်သမားတွေ ပြန်ထွက်ခွင့်လူကိုယ်တိုင်လျှောက်ရမယ်

မြဝတီ-မဲဆောက်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းခုနှစ်ရက်ပိတ်ပင်

Releated Post

ဓာတ်ပုံ - AA

နတ်ရေကန်ဗျူဟာကုန်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေ

October 31, 2026
ဓာတ်ပုံ-APM

ကျောက်ဆိပ်ရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်

October 30, 2026
​ဓာတ်ပုံ - အောင်အောင်

မဲဆောက်မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့

October 30, 2026
​ဓာတ်ပုံ - ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်

မြန်မာသို့ပို့မယ့်ဘိလပ်မြေတွေ ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

October 30, 2026

ခွင့်ပြန်အလုပ်သမားတွေ ပြန်ထွက်ခွင့်လူကိုယ်တိုင်လျှောက်ရမယ်

October 30, 2026
​ဓာတ်ပုံ-ထိုင်းစစ်တပ်

မြဝတီ-မဲဆောက်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းခုနှစ်ရက်ပိတ်ပင်

October 30, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page