Border News Agency
စစ်တကောင်း၊ အောက်တိုဘာ ၃၀။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့၊တိန်ဂါ မြို့နယ်ရှိ ကရဏဖူလီရေလက်ကြားမှမြန်မာနိုင်ငံကို တရားမဝင်တင်ပို့ဖို့ ကြိုးပမ်းတဲ့ ဘိလပ်မြေကီလိုလေးသောင်းနဲ့အတူ မှောင်ခိုကူးသူရှစ် ဦးကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။
ပတိန်ဂါကမ်းခြေစောင့်စခန်းက အမှတ် ၁၅ ဆိပ်ကမ်းအနီးမှာ အောက်တိုဘာလ ၂၉ ရက်၊ ညနေပိုင်းကသံသယရှိတဲ့ ကုန်တင်စက်လှေတစီးကို ဝင်ရောက်စစ်ဆေးရာမှ ဘိလပ်မြေတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ ဘိလပ်မြေတွေမှာ ဘင်္ဂလားဒေ့ရှ် တာကာ ငွေကျပ်လေးသိန်းခန့် တန်ဖိုးရှိပြီး မှောင်ခိုကူးရာမှာ အသုံးပြုတဲ့ စက်လှေတ စီးကိုပါ ကမ်းခြေစောင့်တပ်က သိမ်းဆည်းခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ ဘိလပ်မြေတွေ၊ စက်လှေနဲ့ဖမ်းဆီးရမိသူ ရှစ် ဦးကို ဥပဒေအတိုင်း ဆက်လက် အရေးယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကမ်းခြေစောင့်တပ် ပြန်ကြားရေးတာဝန်ရှိသူ လက်ဖ်တနန့် ကွန်မန္ဒာ ဆဗီးရ် အာလမ် ဆူဂျွန် က အောက်တိုဘာလ ၃၀ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။
နယ်စပ်ဒေသအတွင်း တရားမဝင် ကုန်စည်ကူးသန်းမှုတွေနဲ့ မှောင်ခိုကူးသန်းမှုတွေကို တားဆီးနှိမ်နင်းရေးအတွက် အခုလို စစ်ဆေးဖမ်းဆီးမှုတွေကို ရှေ့ဆက်ပြီးတော့လည်း ဆက်လက် ပြုလုပ်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ဆိုပါတယ်။






