Border News Agency
မင်းတပ်၊အောက်တိုဘာ ၃၀။
ချင်းပြည်၊မင်းတပ်မြို့ပေါ် အရှေ့ပြင်ရပ်ကွက်ကိုအောက်တိုဘာလ ၂၉ ရက်၊ညနေအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စီမံကိန်းရုံးနဲ့အနီးအနားရှိ ပြည်သူတွေရဲ့ နေအိမ်ဆယ်လုံးဝန်းကျင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီမင်းတပ်မြို့ အနောက်ရပ်ကွက်ကို အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်ဆယ်လုံးခန့်ပျက်စီးကာ အရပ်သားသုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမင်းတပ်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်နေတာကြောင့် အာဏာသိမ်းစစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။














