Border News Agency
ဂျပန်၊ အောက်တိုဘာ ၃၀။
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေဟာ အောက်တိုဘာလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာစုဝေးပြီး အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုဘဲ မြန်မာပြည်သူတွေဘက်က ဆက်လက် ရပ်တည်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ရေးနဲ့လေကြောင်းတိုက်ခိုက်နေတဲ့စစ်တပ်အပေါ် ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင် သုံးသန်းခွဲကျော်အတွက်လူသားချင်းစာနာမှု အကူအညီတွေတိုးမြှင့်ပေးဖို့နဲ့ NUG အပါအဝင် ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာပြည်သူတွေက စစ်တပ်ကို အရေးယူပေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆက်တိုက်တောင်းဆိုနေကြပါတယ်။




























