Border News Agency
မောင်တော၊ အောက်တိုဘာ ၂၉။
ရက္ခိုင်ရိုးရာကျင်အားကစား မျိုးဆက်သစ်တွေပေါ်ထွက်လာစေရေးနဲ့ ရိုးရာအမွေအနှစ် ထိန်းသိမ်းနိုင်ရေးအတွက် ကျင်ကလပ်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ရက္ခိုင်ရိုးရာကျင်ပွဲကို အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။
အဲဒီကျင်ပွဲမှာ ရွှေမောင်းတန်း ပထမဆုရရှိသူကို ငွေကျပ်သိန်းသုံးဆယ်နဲ့ ဒုတိယဆုရရှိသူကို ငွေကျပ်သိန်းနှစ်ဆယ် အသီးသီးချီးမြှင့်ခဲ့ပါတယ်။
မျိုးဆက်သစ်လူငယ်တွေ ကျင်အားကစားကို ပိုမို စိတ်ဝင်စားလာစေဖို့နဲ့ ရိုးရာအမွေအနှစ် မပျောက်ပျက်စေဖို့ ရည်ရွယ်ပြီး ကျင်းပတာလည်းဖြစ်ပါတယ်။
အဲဒီကျင်ကလပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ဝါရင့်ကျင်အားကစားသမားဟောင်းတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
















