Border News Agency
မယ်ဆိုင်၊ အောက်တိုဘာ ၂၉။
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်မှာ စိတ်ကြွဆေးပြား နှစ်ဆယ့်ခုနှစ်သိန်းခွဲခန့်ကို အောက်တိုဘာလ ၂၉ ရက်၊ဒီနေ့ ထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမယ်ဆိုင်မြို့နယ်မှာတာချီလိတ်မှလာတဲ့ အငှားယာဉ်ပေါ်မှအိပ်ရာဟောင်းနဲ့ထိုင်ခုံဟောင်းတွေအတွင်း မူးယစ်ဆေးဝါးတွေကို ရှာတွေ့ခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးတွေကို မယ်ဆိုင်နယ်စပ် စစ်ဆေးရေးဂိတ်မှာ ဓာတ်မှန်စက်နဲ့ စစ်ဆေးစဉ်တွေ့ရှိခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား အထုပ်ပေါင်း နှစ်ရာ့ခုနှစ်ဆယ့်ငါးထုပ်၊ စုစုပေါင်း နှစ်သန်းခုနှစ်သိန်းငါးသောင်းခန့် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသားတဦးနဲ့အမျိုးသမီးတဦးကို ထိုင်းအာဏာပိုင်တွေကို ဖမ်းဆီးစစ်ဆေးနေပြီး မူးယစ်ဆေးဝါးတွေရရှိလာတဲ့နေရာနဲ့ ပို့ဆောင်မယ့်နေရာကို ဆက်လက် စုံစမ်းနေပါတယ်။
တာချီလိတ်-မယ်ဆိုင် နယ်စပ်တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုတွေကို ထိုင်းဘက်က စစ်ဆေးမှုတွေတင်းကြပ်ထားတာဖြစ်ပါတယ်။












