Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊နန်းကျားကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးသေဆုံးပြီး တဆယ့်နှစ်ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီနန်းကျားကျေးရွာကို နိုဝင်ဘာလ ၅ ရက်၊ည ၁၁ နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်တစီးနဲ့ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် သုံးဆယ့်ရှစ်နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်သီသီမွန် သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်အသက် နှစ်ဆယ့်လေး နှစ်အရွယ် မောင်အောင်သန်းနိုင်၊ခုနှစ် နှစ်အရွယ် မဝင်းပပလှိုင်၊လေးဆယ့်ငါးနှစ်အရွယ် ဦးဦးထွန်းဝင်း၊လေးဆယ့်တနှစ်အရွယ် ဦးအောင်ကျော်ဇော်၊လေးဆယ့်နှစ်နှစ်အရွယ် ဒေါ်အေးအေး၊ သုံးဆယ့်ငါးနှစ်အရွယ် ဒေါ်အေးအေးသန်းတို့ ဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး အသက်ငါးဆယ့်ရှစ်နှစ်အရွယ်ဒေါ်မလှစိန်၊ ခုနှစ်ဆယ်နှစ်အရွယ် ဦးမောင်စိန်ထွန်း၊သုံးဆယ့်သုံး နှစ်အရွယ် ဒေါ်သန်းသန်းစိုး၊ နှစ်ဆယ့်ခုနစ် နှစ်အရွယ် မစိုးစန္ဒာထွန်း၊ သုံးဆယ့်ခြောက် နှစ်အရွယ် ဒေါ်မအေးယဉ် နဲ့တဆယ့်ခြောက် နှစ်အရွယ် မစုနန္ဒာဝင်း တို့ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် ဒေသခံတွေရဲ့ နေအိမ် လေးလုံး၊ မော်တော်ယာဉ်တစီး၊ ဆိုင်ကယ်တစီးနဲ့ အပ်ချုပ်စက်နှစ်လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊မျှာလီကန်ကျေးရွာအနီးကိုလည်း နိုဝင်ဘာလ ၅ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကျောင်းထိုင်ဆရာတော်ဒဏ်ရာရရှိခဲ့ကာ ကျောင်းဆောင်နဲ့ခြံစည်းရိုးတွေပျက်စီးခဲ့ရပါတယ်။














