Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

ရေတပ်စစ်သင်္ဘောတွေကြောင့် ရေယာဥ်လိုင်းလုပ်သူတွေ ရပ်တည်ရေးခက်ခဲ

ဓာတ်ပုံ - BNA

ဓာတ်ပုံ - BNA

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

​Border News Agency

မြောက်ဦး ၊နိုဝင်ဘာ ၇။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ရေယာဥ်ပို့ဆောင်ရေးလုပ်ကိုင်နေကြသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေကပစ်ခတ်တာတွေကြောင့် ရေယာဥ်ပြေးဆွဲပေးနေကြတာတွေ ရပ်နားထားကြရတယ်လို့ဆိုကြပါတယ်။

အဲဒီရေယာဥ်ပြေးဆွဲနေကြတာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်စစ်သ င်္ဘောတွေကပစ်ခတ်တာတွေ၊ဖမ်းဆီးတာတွေပြုလုပ်နေတာမို့ ရေယာဥ်လုပ်ကိုင်သူတွေ ရပ်တည်ရေးခက်ခဲနေကြတာပါ။

အဲဒီအထဲမှာ မြေပုံမြို့နယ်နဲ့ဆင်တက်မော်ကျေးရွာကြားပြေးဆွဲနေကြတဲ့ရေယာဥ်တွေကို အာဏာသိမ်းစစ်ရေယာဥ်တွေက ပစ်ခတ်တာတွေလုပ်နေတာမို့

ရပ်နားထားရတာတလကျော်ကြာနေပြီလို့ ရေယာဥ်လိုင်းပြေးဆွဲနေကြသူတွေက ဆိုကြပါတယ်။

“ကျနော်တို့ကအခုလိုင်းမထွက်ရဘဲ တလကျော်လောက်ရှိနေပြီ။စစ်တွေမြစ်မှာ နေဗီရှိတာကြောင့်ပစ်မှာကြောက်လို့ ရပ်ထားရပါတယ်။ရှိတဲ့ပိုက်ဆံကို လိုင်စင်ခအကြေပေးလိုက်ရပြီးမှ လိုင်းဆွဲလို့မရတော့လို့ မိသားစု ရှစ်ယောက် စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်နေရပါတယ်။”လို့ မြေပုံ – ဆင်တင်မော် လိုင်းစက်လှေမောင်းသူနေတဲ့ ဦးနုရ်ရုမ်က Border News Agency ကို​ပြောပါတယ်။

အဲဒီရေယာဥ်တွေကို ကုလားတန်မြစ်ဝရှိ ရေတပ်စစ်သင်္ဘောတွေကို ပစ်ခတ်တာတွေ၊ဖမ်းဆီးတာတွေ လုပ်နေတာမို့ရေယာဉ်ပြေးဆွဲတာတွေရပ်နားထားကြရပြီး မိသားစုစားဝတ်နေရေးခက်ခဲနေကြတယ်လို့ ရေယာဉ်လုပ်သားတွေကဆိုကြပါတယ်။

အဲဒီရေယာဥ်တွေပြေးဆွဲဆိုအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို တနှစ်စာအပြည့်အခွန်ဆောင်ထားကြရပြီး ရေယာဥ်ပြေးဆွဲတာတွေရပ်နားထားကြရတာမို့ အခွန်ပေးဆောင်ထားတဲ့ငွေတွေအတွက် အလုပ်ကပြန်မရကြဘူးလို့ ရေယာဥ်လုပ်သားတွေက ဆိုကြပါတယ်။

“ဒီရေလမ်းကြောင်းတွေ ရှင်းမလားဆိုပြီးပဲ ကြည့်နေရတယ်။တခြားအလုပ်ကို ပြောင်းလုပ်ဖို့ သို့မဟုတ် ပိုက်တလက် ဝယ်ဖို့အတွက်လည်း ပိုက်ဆံမရှိတော့လို့ အခက်အခဲတွေ ခံနေရတာပါ။”လို့ ဦးနုရ်ရုမ်က ပြောပါတယ်။

အဲဒီရေယာဥ်လုပ်သားတွေဟာ တခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေပြောင်းလုပ်ကြဖို့အတွက်လည်း အရင်း အနှီးလုံးဝမရှိကြတော့ဘဲ ရေယာဥ်လမ်းကြောင်းတွေပြန်ဖွင့်လာမယ့်ရက်ကို မျှော်လင့်စောင့်နေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက ရေပြင်ကို အားကိုးလုပ်ကိုင်နေကြသူတွေကို ​အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်စစ်သင်္ဘောတွေဟာ ပစ်မှတ်ထားပစ်ခတ်နေတာမို့ ရပ်တည်ရေးပိုခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုပိတ်ဆို့ထားတာတွေကြာရှည်လာရင် ဒေသခံပြည်သူတွေစားဝတ်နေရေးပိုမိုခက်ခဲလာကြပြီး အငတ်ဘေးကြုံရနိုင်တယ်လို့ ဆိုကြပါတယ်။

PrevPreviousယူနက်စကိုရည်မှန်းချက်အောက်က ပြည်သူ့မျက်ရည်များ
Nextကရင်ငြိမ်းချမ်းရေးပေါင်းလုပ်ဖို့ မင်းအောင်လှိုင်ဖိတ်ခေါ်Next
Previous Post

ယူနက်စကိုရည်မှန်းချက်အောက်က ပြည်သူ့မျက်ရည်များ

Next Post

ကရင်ငြိမ်းချမ်းရေးပေါင်းလုပ်ဖို့ မင်းအောင်လှိုင်ဖိတ်ခေါ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

သမ္မတ ဦးဝင်းမြင့်အမှန်တကယ် လွတ်မြောက်တာ ရှိ၊ မရှိ ဂျာမနီသံရုံး မေးခွန်းထုတ်

November 8, 2026

“စစ်တွေမြစ်မှာနေဗီရှိတာကြောင့် ကြောက်လို့ အလုပ်တွေနားထားရတယ်။”

November 8, 2026

“ခုက ကျနော်တို့မြေပုံမှာဒုက္ခသည်တွေ အကုန်လုံးနီးပါးထမင်းငတ်နေကြပါပြီ။”

November 8, 2026
ဓာတ်ပုံ-KNU

လယ်မူလားမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး (ဓာတ်ပုံသတင်း)

November 8, 2026

“ပိုက်ချဖို့သွားတာနဲ့စစ်တပ်နေဗီကလူကိုသေနတ်နဲ့ပစ်တယ်။”

ရက္ခိုင်တလမ်းစဉ်အတိုင်း ဦးဆောင်နေသူအဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဂုဏ်ပြုဆုတောင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ကို KIA ဒုဗိုလ်ချုပ်ကြီးဂွန်မော် မွေးနေ့ဆုတောင်းပေးပို့

မောင်တောမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မွေးနေ့ဘောလုံးပြိုင်ပွဲကျင်းပ

သက္ကမအမျိုးသားရေးခေါင်းဆောင် ဦးဦးလှကျော်ကွယ်လွန်

ပရဟိတအလှူငွေဘတ်သန်းကိုးရာကျော်လိမ်လည်မှုနဲ့ ထိုင်းမင်းသမီး Boom Panadda ဖမ်းခံရ

Releated Post

“ပိုက်ချဖို့သွားတာနဲ့စစ်တပ်နေဗီကလူကိုသေနတ်နဲ့ပစ်တယ်။”

November 8, 2026
​ဓာတ်ပုံ - AA

ရက္ခိုင်တလမ်းစဉ်အတိုင်း ဦးဆောင်နေသူအဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဂုဏ်ပြုဆုတောင်း

November 8, 2026
​ဓာတ်ပုံ - AA Info Desk

ဗိုလ်ချုပ်ထွန်းမြတ်နိုင်မွေးနေ့ကို KIA ဒုဗိုလ်ချုပ်ကြီးဂွန်မော် မွေးနေ့ဆုတောင်းပေးပို့

November 8, 2026
​ဓာတ်ပုံ - The Naf Waves

မောင်တောမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် မွေးနေ့ဘောလုံးပြိုင်ပွဲကျင်းပ

November 8, 2026
​ဓာတ်ပုံ - BNA

သက္ကမအမျိုးသားရေးခေါင်းဆောင် ဦးဦးလှကျော်ကွယ်လွန်

November 7, 2026
​ဓာတ်ပုံ - Khaosod English

ပရဟိတအလှူငွေဘတ်သန်းကိုးရာကျော်လိမ်လည်မှုနဲ့ ထိုင်းမင်းသမီး Boom Panadda ဖမ်းခံရ

November 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page