Border News Agency
ဇိုခေါဆာရ်၊ နိုဝင်ဘာ ၇။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ချမ်ဖိုင်ခရိုင်၊ ဇိုခေါဆာရ်နယ်စပ်ဂိတ်အနီးမှာ နိုဝင်ဘာလ ၆ ရက်နေ့က ရူပီသုံးဆယ်တသိန်းကျော်တန်ဖိုးရှိ ဟီးရိုးအင်း နံပါ တ်လေးတရာ့ငါးဆယ်ကိုးဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့အာသံရိုင်ဖယ်တပ်ထုတ်ပြန်ပါတယ်။
အဲဒီဇိုခေါဆာရ်နယ်စပ်ဂိတ်မှာအာသံရိုင်ဖယ်တပ်ဖွဲ့ကစစ်ဆင်ရေး ပြုလုပ်ခဲ့ရာမှာ မူးယစ်ဆေးဝါးတွေနဲ့အတူတရား မဝင်သယ်ဆောင်လာသူမြန်မာနိုင်ငံသားတဦးကိုဖမ်းမိခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် နယ်စပ်ဒေသတွေမှာ တရားမဝင် မှောင်ခိုလုပ်ငန်းတွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှုတွေ ပိုမိုဆိုးရွားလာနေပါတယ်။
အဲဒီမြန်မာနိုင်ငံသားကို ဥပဒေအရအရေးယူနိုင်ဖို့အတွက် ဇိုခေါဆာရ်ရဲစခန်းဆီ လွှဲအပ်လိုက်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မှာမှောင်ခိုနဲ့ မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးတွေကို လုံခြုံရေးတပ်ဖွဲ့တွေတိုးလုပ်နေတယ်လို့လည်းဆိုပါတယ်။








