Border News Agency
မူဆယ်၊ နိုဝင်ဘာ ၇။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်မှာ အာရက္ခတပ်တော် (AA) မီးနဂါးစစ်ဒေသ တာဝန်ရှိသူတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒေသခံပြည်သူတွေကို နိုဝင်ဘာ ၇ ရက်၊ဒီနေ့မှာ ဆန်နှစ်ထောင့်နှစ်ရာပြည် လှူဒါန်းခဲ့ပါတယ်။
အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက်လေးဆယ့်ရှစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းယု ကော်မတီရုံးမှာ မီးနဂါးစစ်ဒေသ ရဲမှူး ဦးဆောင်ပြီး ဒေသခံတွေကို ဆန်အိတ်နှစ်ရာနှစ်ဆယ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အခုလို လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ကြောင်းနဲ့ ဗိုလ်ချုပ်လည်း ဒီထက်မက အသက်ရှည်ပြီး အောင်မြင်မှုတွေ ရရှိပါစေကြောင်း ဒေသခံတွေက ဆုတောင်းပေးခဲ့ကြပါတယ်။




















