Border News Agency
အီရန်၊နိုဝင်ဘာ ၉။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအပေါ် နောက်ထပ်စစ်ရေးတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ မလိုအပ်ဘူးလို့ပြောဆိုခဲ့ပေမယ့် အမေရိကန်စစ်တပ်အနေနဲ့ တနာရီအတွင်းအီရန်နိုင်ငံက တံတားသုံးဆယ့်ရှစ်စင်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။
အီရန်ဘက်မှ ခိုင်မာတဲ့သဘောတူညီချက်တခုကို လက်မှတ်ထိုးမလားဆိုတဲ့ အချက်ပေါ် မူတည်နေပြီး နောက်ထပ်စစ်ရေးတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်လာနိုင်ခြေမှာ အလွန်နည်းပါးကြောင်းထရမ့်ကဆိုတာပါ။
အဲဒီအပြင် အီရန်ဟာ ကျရှုံးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ခုနှစ်အတွင်းငွေကြေးဖောင်းပွမှုနှုန်း သုံးရာတစ်ရာခိုင်နှုန်းအထိ ရှိနေတယ်လို့လည်း ထွက်ပေါ်လာခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်စစ်တပ်အနေနဲ့အီရန်ကို နောက်ထပ်တိုက်ခိုက်ပြီး အပြီးတိုင်အနိုင်ယူဖို့ အသင့်ရှိနေကြောင်းနဲ့ မိမိမှာလေယာဉ်တင်သင်္ဘောသုံးစင်းရှိနေပြီး အပြည့်အဝတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း ထပ်မံပြောကြားခဲ့တာပါ။










