Border News Agency
ထိုင်း၊ နိုဝင်ဘာ ၁၁။
ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်၊စီရာချာမြို့နယ်၊ ဘိုဝင်းရပ်ကွက်မှာ တရားမဝင် ဈေးရောင်းချနေတဲ့ မြန်မာလုပ်သား ရှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဘိုဝင်းရပ်ကွက်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဘိုဝင်းရဲစခန်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ နယ်မြေအတွင်းရှိဈေးဆိုင်တွေကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် တရားမဝင် ဈေးရောင်းချနေတဲ့မြန်မာနိုင်ငံသား ရှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။
အဲဒီမြန်မာလုပ်သားရှစ်ဦးမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား မှန်ကန်စွာမရှိဘဲ ကုန်ပစ္စည်းတွေရောင်းချနေကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေအပါအဝင် နိုင်ငံခြားသားတွေအလုပ်လုပ်ကိုင်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဖို့ဘိုဝင်းရဲစခန်းဆီ လွှဲပြောင်းထားပါတယ်။










