Border News Agency
ဖားအံ၊ စက်တင်ဘာ ၁၇။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်ရင်း ၉ မှာစစ်ကော်မရှင်တပ်က မတရားစစ်မှုထမ်းစေခိုင်းခံရသူတပ်သားသုံးဦးဟာအလင်းဝင်လာကြောင် ထုတ်ပြန်ပါတယ်။
အဲဒီတပ်သားတွေဟာ စစ်ကော်မရှင်တပ်ရဲ့အမှတ် ၆၀ ခြေလျင်တပ်ရင်းက အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ဝင်းထွန်း၊ အသက်သုံးဆယ်တနှစ်အရွယ်မောင်ရှိုင်းမင်းနဲ့အမှတ် ၅၉၀ ခြေမြန်တပ်ရင်း ကအသက်သုံးဆယ်အရွယ်မောင်ဝင်းထက်အောင်ဖြစ်ကြပါတယ်။
သူတို့သုံးဦးဟာ စက်တင်ဘာလ ၁၄ ရက်နေ့၊ညနေ ၅ နာရီအချိန်မှာ လယ်ဒိုမြို့နယ် K.N.L.A တပ်ရင်း ၉ မှာ လက်နက်ချအလင်းဝင်လာခဲ့တာပါ။
သူတို့ဟာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁၁ စစ်သင်တန်းဆင်းတွေဖြစ်ကြပြီး မတရားစစ်မှုထမ်းခိုင်းစေခံရသူတွေဖြစ်ကြပါတယ်။
အဲဒီအပြင် မောင်ဝင်းထွန်းဟာ ကျေးရွာကိုယ်စားကျပ်သိန်းခုနှစ်ဆယ်နဲ့အ ငှါးစစ်မှုထမ်းသူဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီတပ်သားသုံးဦးဟာ အခက်အခဲတွေကြောင့် လက်နက်တွေကိုမယူဆောင်လာနိုင်ပေမယ့်ဒေသခံပြည်သူတွေကအဝတ်အစားနဲ့အစာအသောက်တွေထောက်ပံ့ပေးထားခဲ့ကြပြီးထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။