မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ ဇူလိုင် ၁၆။
မြေပြဿနာဟူသည်နှင့်မြေသိမ်းခံရမှု၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းများတွင်သာ ဒစ်လည်နေကြသည်။ မြေပြဿနာသည် ထိုနှစ်ခုထက်မက ကျယ်ပြန့်ပေသည်။
မြေသိမ်းခံရမှုကိုပြန်လည်ကုစားခြင်း၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းကို ဖြေရှင်းခြင်းသည်အရေးကြီးသော်လည်း မြေပြဿနာသည် ထိုဖြစ်စဉ်နှစ်ရပ်အောက်တွင်သာ စီမံခန့်ခွဲမှုအရ လမ်းဆုံးနေသည်မဟုတ်ပေ။
မြေသိမ်းခံရမှုကို ဖြေရှင်းနိုင်ခြင်း၊ မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း စသ ည့်လုပ်ငန်းစဉ်နှစ်ခုကို ဖော်ဆောင်ယုံဖြင့် မြေပြဿနာအားကိုင်တွယ်နိုင်ပြီဟူ၍ ထင်မြင်ယူဆနေ၍မရပေ။
လက်နက်ကိုင်ပဋိပက္ခဒဏ်ကို နှစ်ပေါင်းများစွာခံနေကြရသည့် အာရက္ခဒေ သအပါအဝင် မြန်မာပြည်အတွက် မြေသိမ်းခံရမှုနှင့်မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းမှာ မြေပြဿနာ၏ခေါင်းစည်းပိုင်းအဖြစ်တည် ရှိနေခဲ့သည်။
ဥပဒေကြောင်းအရ၊စီမံခန့်ခွဲပိုင်ခွင့်ရှိအာဏာ၏လုပ်ငန်းသဘောသဘာဝအရဖြစ်စေ မြေသိမ်းခံရမှုနှင့်မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းဆိုသည့်အချက်နှစ်ရပ်သည် တရားမျှတမှုရလဒ်မြန်မြန် ထွက်လာရန် ဖြေရှင်းရမည့်ကိစ္စနှစ်ခုဖြစ်သည်။
ထိုကိစ္စရပ်နှစ်ခုအပေါ် အချိန်တိုတိုအတွင်း တရားမျှတမှုရလဒ်မြန်မြန်ထွက်အောင် ကိုင်တွယ်နိုင်လေ ကောင်းလေဖြစ်သည်။
သို့သော် အာရက္ခဒေသနှင့်ဗမာဒေသများအတွက် မြန်မြန်ဖြေရှင်းပေးရမည့် ရလဒ်ကိုပင်လျှင်အချိန်ဆွဲကာရှည် လျားဇာတ်မျောအဖြစ် ပုံသွင်းခြင်းကို ခံခဲ့ကြရပြီးပြီလည်းဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခဒဏ်ကိုမျက်မြင်ကြုံ့တွေနေကြရသည့် အာရက္ခဒေသနှင့်ဗမာဒေသအချို့နေရာများမှပြည်သူများအနေဖြင့် လက်ရှိစစ်ပွဲကာလနှင့်စစ်ပွဲအလွန်ကာလတွင် မြန်မြန်ဖြေရှင်းပေးရမည့် မြေပြဿနာများတွင် မြေသိမ်းခံရမှု၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားမှုလောက်သာမဟုတ်တော့ဘဲ နောက် ထပ်တိုးလာသော ခေါင်းစဉ်များကိုပါ ရင်ဆိုင်လာရမည့် သဘောတွင်ရှိနေပေသည်။
ဥပမာ – စစ်ပွဲကာလအတွင်း အရပ်သားများနှင့်အရပ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသ ည်လည်း မြေနှင့်ပတ်သက်၍ မြန်မြန်ဖြေရှင်းပေးရမည့် ကိစ္စများထဲတွင် စာရင်းဝင်လာပေ၏။
အထူးသဖြင့် စစ်ပွဲကာလအတွင်း
- အရပ်သားပြည်သူဆိုင်ရာ အရာဝတ္ထုပစ္စည်းများကို အကာအကွယ်ပေးခြင်း။
- အသေးစိတ်သတ်မှတ်ချက်ရှိသော အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စ ည်းများကို အကာအကွယ်ပေးခြင်း။
- ပိုင်ဆိုင်မှုများအား ဖျက်စီးခြင်း။
- သဘာဝသယံဇာတအား တရားလက် လွတ်ထုတ်ယူခြင်း။
- စစ်၏ကြွင်းကျန်နေသော ပေါက်ကွဲပစ္စည်းများ။
- နေရပ်စွန့်ခွာခြင်း၊ဒုက္ခသည်များနှင့်ပြ ည်တွင်းနေရပ်စွန့်ခွာသူများ စသည့်ကိ စ္စရပ်များသည် မြေယာကိစ္စနှင့်မည်သို့ဆိုင်သနည်းဟု ထင်စရာရှိပေ၏။
ထိုကိစ္စများသည်ပင်လျှင် မြေနှင့်ဆက် နွယ်မှုများမှာ ဆက်တိုက်ရှိလာနေကာ မြန်နိုင်သမျှမြန်အောင် ဖြေရှင်းရမည့် ကိစ္စရပ်များထဲတွင် ပါဝင်လာပေ၏။
ထိုကိစ္စရပ်များသည် မြေပြဿနာနှင့်ဆက်နွယ်ပြီး နိုင်ငံတကာစံနှုန်းများက ချဉ်းကပ်ထားသည့်အချက်များမှာ “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု” တွင်ဖော်ပြထားပေသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စုတွင် မြေကိစ္စရပ်အပေါ်တွ င် အောက်ပါအချက်များကို ဆက်စပ်ပြထားသည်။
- ၁။ အရပ်သားပြည်သူဆိုင်ရာ အရာဝ တ္ထုပစ္စည်းများကို အကာအကွယ်ပေးခြင်း။
- ၂။ အသေးစိတ်သတ်မှတ်ချက်ရှိသော အရပ်သားပြည်သူဆိုင်ရာ အရာဝတ္တုပစ္စည်းများကို အကာအကွယ်ပေးခြင်း။
- ၃။ ပိုင်ဆိုင်မှုများအား ဖျက်စီးခြင်း။
- ၄။ သဘာဝသယံဇာတအား တရားလက် လွတ်ထုတ်ယူခြင်း။
- ၅။ စစ်၏ကြွင်းကျန်နေသော ပေါက်ကွဲပစ္စည်းများ။
- ၆။ နေရပ်စွန့်ခွာခြင်း၊ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ။
- ၇။ အမျိုးသမီးများအားခွဲခြားဆက်ဆံခြင်း။
- ၈။ ဌာနေလူမျိုးများ၏မြေအခွင့်အရေး။
- ၉။ စီးပွားရေးနှင့်လူ့အခွင့်အရေး။
ထိုအချက်များဆက်နွယ်နေသော မြေပြဿနာဆိုင်ရာကိစ္စရပ်များသည် အာရက္ခဒေသအတွက် နောက်တိုးအဖြစ်ရင်ဆိုင်ရမည့် မြန်မြန်ဖြေရှင်းရန်လိုနေမည့် ပြဿနာများဖြစ်နေမည်ပင်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှ န်ချက်မှတ်စုတွင် ထိုပြဿနာများအပါအဝင် မြေနှင့်သက်ဆိုင်သောအခြားကျယ်ပြန့်သည့်အကြောင်းအရာများလည်ပါဝင်ပေသည်။
ဆက်လက်ဖော်ပြပါမည်။