မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ဇူလိုင် ၁၇။
မြေယာ၊ ပဋိပက္ခများနှင့်ကုလသမဂ္ဂ ၁။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။
အနှစ်ချုပ်…။
နောင်လာမည့်ဆယ်စုနှစ်အတွင်း မြေ ယာဆိုင်ရာပြိုင်ဆိုင်မှုနှင့်ထိပ်တိုက်တွေ့မှုများသည် ဥတုရာသီပြောင်းလဲခြင်း၊ လူဦးရေတိုးတက်မှု၊ စားနပ်ရိက္ခာဆိုင် ရာမလုံလောက်မှု၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့်မြို့ပြပိုမိုဖွံ့ဖြိုးလာမှုစသည့်အချက်များဆက်စပ်လျက်ရှိသ ည်။
မြေယာ၊ လက်နက်ကိုင်ပဋိပက္ခ၊လူ့အခွ င့်အရေးဆိုင်ရာချိုးဖောက်မှုစသည့် များပြားလာသောအထောက်အထားများက ကုလသမဂ္ဂယန္တရား၏ပိုမိုတာ ဝန်ယူနိုင်မှုကို အဖွဲ့ဝင်နိုင်ငံများနှင့်က မ္ဘာ့လူဦးရေများမှလိုအပ်နေကြောင်း ဖေါ်ပြနေသည်။
ဤမှတ်စုသည် နိုင်ငံတကာစံနှုန်းစည်းမျဉ်းများ၊ ၂၀၃၀စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့်ကုလသမဂ္ဂ၏ အတွေအကြုံများကို အခြေခံထားပေသည်။
ထိုသို့အခြေခံထားခြင်းက မြေနှင့်ပဋိပက္ခပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂ၏ယန္တရားများကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ကုလသမဂ္ဂအတွက် စည်းမျဉ်းများနှင့် အခြေခံလုပ်ငန်းစဉ်များကို ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်မဏ္ဍိုင်များ၊
သတင်းအချက်အလက်များရပိုင်ခွင့်၊ ပူးပေါင်းပါဝင်နိုင်ခွင့်၊ကုလသမဂ္ဂ၏ ယန္တရားအစီီအစဉ်များနှင့်ဆော်သြတို က်တွန်းမှုများစသည့် အချက်များပေါ်တွင် ခိုင်မာမှုနှင့်မဟာဗျူဟာကျကျချ ဉ်းကပ်နိုင်ရန် ရေးဆွဲထားခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏အခြေခံမူဘောင်ထဲတွင် ပဋိပက္ခများကို လေ့လာဆန်းစစ်မှု၊လုပ် ငန်းစဉ်ရေးဆွဲခြင်းနှင့်အချက်အလက်များကောက်ယူမှု၊ကုလ၏ဦးဆောင်မှုကိုအထောက်အပံ့ပေးမှု၊ ကုလသမဂ္ဂ၏ လုပ်ငန်းနယ်ပါယ်များဖြစ်သော ငြိမ်းချမ်းရေးသဘောတူညီချက်များကို အထောက်အပံပြုမှု၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဖြေရှင်းမှု၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှမှု၊ ဥပဒေစိုးမိုးရေးနှင့်အုပ်ချုပ်ရေးစသည့် အဓိကအချက်များကို ဆောင်ရွက်ရာတွင် မြေ ယာပြဿနာများအပေါ်သက်ရောက်နိုင်မှုမည်မျှရှိသည်ကို အလေးအနက်ထားရန် ဖေါ်ပြထားသည်။
ဤလမ်းညွှန်ချက်များတွင် မိတ်ဖက်အ ဖြစ်ပါဝင်နိုင်ခြင်းကို လမ်းဖွင့်ထားပြီး အဆိုပါလမ်းညွှန်ချက်များအား ပြဿ နာများကိုဆန်းစစ်ခြင်း၊ညှိနှိုင်းဆောင် ရွက်ခြင်းနှင့်အစီအမံအစီအစဉ်များရေးဆွဲခြင်းများတွင် အသုံးပြုနိုင်သည်။
ဤမှတ်စုတွင် ကနဦးမိတ်ဆက်ခြင်းနှင့် အပိုင်းသုံးပိုင်းပါဝင်ပါသည်။
အပိုင်း (က)တွင် မြေယာနှင့်ပဋိပက္ခများအပေါ် ကုလသမဂ္ဂမှစေ့စပ်ညှိနှိုင်းဖြေရှင်းရာတွင် လက်ရှိအသုံးပြုနေသော လမ်းညွှန်ချက်များကို ဖေါ်ပြထားပေသည်။
အပိုင်း (ခ) တွင် မဏ္ဍိုင်ကြီးသုံးရပ်ကို ကျော်လွှားရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းလက်ရှိအသုံးပြုနေသော လုပ် ငန်းစဉ်မူဘောင်ဖြစ်ပေသည်။
အပိိုင်း(ဂ) တွင် ကုလသမဂ္ဂ၏ ယန္တရားလည်ပတ်မှုကို ဖေါ်ပြထားပေသည်။
ကုလသမဂ္ဂ၏အတွေ့အကြုံဆိုရာတွင်…
- ၁။ ကုလသမဂ္ဂ၏ယန္တရားများမှ မြေ ယာနှင့်ပဋိပက္ခများအပေါ် ကျယ်ပြန့်စွာ စစ်တမ်းကောက်ယူထားမှုများ၊တွေ့ရှိချက်များနှင့်အနှစ်ချုပ်အတည်ပြုချက်များ။
- ၂။ UN- Habitat (၂၀၂၆)မြေယာနှင့် ပဋိပက္ခများ။
- ၃။ ကုလသမဂ္ဂ၏ကျယ်ပြန့်သောစေ့စပ်ညှိနှိုင်းမှုစွမ်းရည်ကို ဦးတည်၍ ပြဿ နာ၏နယ်ပါယ်၊လေ့လာမှုအနှစ်ချုပ်နှင့်အဓိကတွေ့ရှိချက်များ၊အတည်ပြုချက်များ ပါဝင်ပေသည်။
အပိုင်း (က) လက်ရှိအသုံးပြုနေသော လမ်းညွှန်ချက်များ…။
- ၁။ မြေယာနှင့်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အကူအညီပေးရာတွင် နိုင်ငံတ ကာစံနှုန်းများကို အခြေခံခြင်း။
- ၂။ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊လူ့အခွင့် အရေး၊ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့်မဏ္ဍိုင်သုံးရပ်အားခိုင်မာစေခြင်း။
- ၃။ နေရာဒေသပုံစံအချိန်အခါနှင့်အံဝင်ဆီလျှော်သော မဟာဗျူဟာမြောက်ဖြစ်စေမည့် ပါဝင်ဆောင်ရွက်မှု ဖြစ်စေခြင်း။
- ၄။ မြေယာသည် နိုင်ငံ၏ပြည်သူလူထုဆိုင်ရာကနဦး ပိုင်ဆိုင်မှုဖြစ်ခြင်းနှင့် မြေယာဆိုင်ရာကိစ္စရပ်သည် နိုင်ငံတခုအတွက် ပြည်သူလူထု၏အချုပ်အခြာ အာဏာဆိုင်ရာကိစ္စရပ်ဖြစ်သည်ကို အသိအမှတ်ပြုခြင်း။
- ၅။ လူ့အခွင့်အရေးကို ကျားကန်ထော က်ပံ့ပေးခြင်းနှင့်ကျားမတန်းတူညီမျှမှု ကို လက်ခံချဉ်းကပ်ခြင်း။
- ၆။ ကုလသမဂ္ဂ၊ကုလသမဂ္ဂမဟုတ်သောအဖွဲ့အစည်းများနှင့်နိုင်ငံပြည်သူ လူထုဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်များကြားတွင် ညှိနှိုင်းပေါင်းစပ်မှုနှင့်မိတ်ဖ က်ပြု ဆောင်ရွက်မှုကို ထောက်ပံပေးခြင်း။
အပိုင်း (ခ) ကုလသမဂ္ဂ၏လုပ်ငန်းစဉ်မူဘောင်…။
- ၁။ ပဋိပက္ခများဖြေရှင်းရာတွင် မြေနှင့်ပတ်သက်သောပြဿနာများသည် အ ရေးပါသောအစိတ်အပိုင်းဖြစ်သည်ကို အသိအမှတ်ပြုခြင်း။
- ၂။ မြေနှင့်ပတ်သက်သောပြဿနာများ နှင့်ပဋိပက္ခများကို ဖြေရှင်းရာတွင်အတွေ့အကြုံရှိသော ကုလသမဂ္ဂ၏ ပါဝင်ဦးဆောင်မှုကို အသိအမှတ်ပြုခြင်း။
- ၃။ မြေနှင့်သက်ဆိုင်သော ကိစ္စရပ်များကို အဖွဲ့အစည်းများ၏အရေးပါသော အချက်အလက်များစုဆောင်းမှုနှင့်လု ပ်ငန်းစဉ်များရေးဆွဲရာတွင် တည့်သွင်းဆောင်ရွက်ခြင်း။
- ၄။ မြေနှင့်ပတ်သက်သောကိစ္စရပ်များကို ကုလသမဂ္ဂအဖွဲ့ယန္တရားအချင်းချင်းကြားတွင်ပူးပေါင်း၍အစီအစဉ်ချ မှတ်ခြင်းနှင့်ဘဏ္ဍာငွေဆိုင်ရာရေးဆွဲခြင်း။
- ၅။ နိုင်ငံအဆင့် မြေနှင့်ပတ်သက်သောကိစ္စရပ်များကို ပါဝင်ဆောင်ရွက်ခြင်း။
- ၆။ မြေနှင့်သက်ဆိုင်သော ပဋိပက္ခကိစ္စများကိုဆောင်ရွက်ရန် ကျယ်ပြန့်သော ယန္တရားများကို တည်ဆောက်ခြင်း။
- ၇။ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သောနယ်မြေများနှင့်အဖွဲ့ဝင်မဟုတ်သော ပုဂ္ဂိုလ်၊ အစုအဖွဲ့များ၏မိတ်ဖက်ဆောင်ရွက်မှုကိုလမ်းဖွင့်ပေးခြင်း။
- ၈။ မြေနှင့်သက်ဆိုင်သော ပြဿနာကိစ္စရပ်များအားဖြေရှင်းနိုင်သောလုပ်င န်းစဉ်များ လက်တွေ့အသုံးဝင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ခြင်း။
အပိုင်း(ဂ)ကုလသမဂ္ဂ၏စနစ်ယန္တရား
မြေ၊ ပဋိပက္ခများနှင့်ကုလသမဂ္ဂ ၂။
မိတ်ဆက်
ကုလသမဂ္ဂ၏ပဋိညာဉ်အရ ကုလသမ ဂ္ဂ၏အဓိကဦးတည်ချက်မဏ္ဍိုင်သုံးရပ်မှာ…။
- ၁။ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးခိုင်မြဲရန်။
- ၂။ စီးပွားရေးရှင်သန်အထမြောက်ရန်၊ လူမှုရေးတိုးတက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများရရှိရန်။
- ၃။ လူ့အခွင့်အရေးအား လေးစားတန်ဖိုးထားကာကွယ်ရန်များဖြစ်သည်။
ဤမှတ်စုတွင် ဖေါ်ပြထားချက်များမှာ မြေနှင့်ပဋိပက္ခများအပေါ် ကုလသမဂ္ဂ၏ ကျယ်ပြန့်သောယန္တရာများ၏ညှိနှိုင်းစေ့စပ်ဆောင်ရွက်မှုများမှရရှိလာသော အချက်များကို စုဆောင်းတင်ပြထားခြင်းဖြစ်သည်။
ထိုသို့စုဆောင်းရာတွင် မြေနှင့်ပဋိပက္ခများအပေါ် ခိုင်မာသောမူဝါဒအထိုင်နှင့် အရေးပါသော ဦးတည်ချက်လားရာများကို အခိုင်အမာပြု၍ စုဆောင်းထားခြင်းဖြစ်ပြီးကုလသမဂ္ဂ၏မဏ္ဍိုင်သုံးရ ပ်ကို ရှေးရှူကာဖေါ်ပြထားခြင်းဖြစ်သ ည်။
ဥတုရာသီပြောင်းလဲမှု၊ လူဦးရေမွေးဖွားထူထပ်များပြားလာမှု၊စားနပ်ရိက္ခာဖူလုံ မှုလိုအပ်လာမှု၊ ရွေ့ပြောင်းဝင်ရောက်သောလူဦးရေများပြားလာမှုနှင့် လူနေ ထိုင်မှုသည် မြို့ပြအဆင့်ထိ တိုးတက်လာမှုများကြောင့် မြေနှင့်ပတ်သက်၍ ပြိုင်ဆိုင်ရယူမှုများ ပဋိပက္ခများ ပိုမိုများပြားနေသည်။
ထိုသို့မြေအရင်းအမြစ်နှင့်ပတ်သက်၍ ပြဿနာများသည် နိုင်ငံတကာလုံးဆိုင် ရာ၊တကမ္ဘာလုံးဆိုင်ရာ၊နိုင်ငံတခုချင်းဆိုင်ရာနှင့်ဒေသဆိုင်ရာအဆင့်များထိ ရင်ဆိုင်နေရသည်။
လက်နက်ကိုင်ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြားတွင် မြေအရင်းအမြစ်နှင့် သက်ဆိုင်မှုရှိသည့် အချက်အလက်အထောက်အထားများသ ည်လည်း များပြားလာနေသည်။
ပဋိပက္ခများနှင့်ပတ်သက်၍ မြေသည် အဓိကပြဿနာဖြစ်သည်ဟူသောရှူမြင်မှုများသည်လည်း ရှိလာသည်။ မြေသည်ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာရန်နှင့် ပဋိပက္ခများကို ဆန်းစစ်ရန်အတွက်လည်း အရေးပါသောစံတခုဖြစ်သည်။
လက်တွေ့ဆောင်ရွက်ရသည့် မြေပြင်အရှိတရားများမှရရှိသောအထောက်အထားများက မြေနှင့်ပတ်သက်၍ဖြေရှ င်းနိုင်လျှင် ရေရှည်တည်တံ၍အချိန်ကြာမြင့်သော ငြိမ်းချမ်းရေးရလဒ်ကို ရရှိစေကြောင်း ဖေါ်ပြနေသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်များ၏၂၀၃၀ စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(SDGs) သို့ရောက်ရှိရန်အတွက် ထောက်ပံမှုပေးရန်မှာ ကုလသမဂ္ဂအနေဖြင့် စွမ်းဆောင်ရည်၊မဟာဗျူးဟာနှင့်မိတ်ဖက်အဖြစ် ပါဝင်ဆောင်ရွက်မှုများကို လိုအပ်သည်။
ကုလသမဂ္ဂ၏၂၀၃၀စဉ်ဆက်မပြတ်တည်တံသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်သည်အရေးပါပြီး မြေနှင့်ပတ်သက်သော အညွှန်းကိန်းများကို ဖေါ်ပြနေသည်။
ထိုအညွှန်းကိန်းများသည် သက်ဆိုင်ရာ နိုင်ငံအလိုက် ပြည်သူ့လူထုဆိုင်ရာ ပြန်လည်သုံးသပ်မှုများကိုလည်း အထောက်အပံဖြစ်စေမည်ဖြစ်သည်။
ဇယား – ၁ မြေနှင့်ပတ်သက်သော ဖွင့်ဆိုချက်နှင့်သဘောထား
မြေနှင့်ပတ်သက်၍သဘောထားအား ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုရလျှင်…။
- ၁။ မြေသည် ကမ္ဘာကြီး၏မျက်နှာသွင်ပြင်ဖြစ်သည်။မြေအောက်တွင် တွင်း ထွက်ပစ္စည်းများပါဝင် နေသည်။မြေ၏ အပေါ်တွင် လေထုရှိပြီး မြေနှင့်ထိကပ်စွဲမြဲနေသော အရာများရှိသည်။ မြေတွင် အဆောက်အအုံများ၊ အရင်းအမြစ်သံ ယံဇာတများ ပါဝင်သည်။နိုင်ငံရေး၊စီး ပွားရေး၊ယဉ်ကျေးမှု၊စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတန်ဖိုးများနှင့်အမှတ်သင်္ကေတဆိုင်ရာ တန်ဖိုးများရှိသည်။
- ၂။ မြေသည် ထုတ်ကုန်ထုတ်လုပ်ခြင်း၊ လှဲလှယ်မှုဖလှယ်မှုစသည့် ကုန်သွယ်ရောင်းဝယ် ဖေါက်ကားခြင်းနှင့်ထပ်ဆ င့်ကုန်ထုတ်လုပ်ခြင်းများအတွက်ဆက် နွယ်ရှုပ်ထွေးစွာ နီးကပ်နေသည်။
အဆိုပါဆက်နွယ်ရှုပ်ထွေးစွာနီးကပ်မှုသည် မြေအား လူမှုစီးပွားဘဝများအတွက် မဟာဗျူဟာမြောက်သွင်းအားစုအရင်းအနှီးအဖြစ်ရှိနေကြောင်းဖေါ်ပြနေသည်။
မြေသည်အကန့်အသတ်ဖြင့်သာရှိသော အရင်းအမြစ်သံယံဇာတဖြစ်ပြီးထို အကန့်အသတ်ဖြင့်သာရှိသော အရင်းအမြစ်သယံဇာတပေါ်တွင် မြင့်မားသော သွင်းအားစု အရင်းအနှီးများကို ပေးထားရသည်။
ထိုသို့အရင်းအနှီးများကိုပေးထားသောကြောင့် မြေကိုရယူပိုင်ဆိုင်ထိန်းချုပ်ခြင်းသဘောဖြစ်လာသည်။ မြေကို ရယူပိုင်ဆိုင်ထိန်းချုပ်ခြင်းသည် သြဇာအာ ဏာ၊ ကြွယ်ဝချမ်းသာမှုနှင့်မည်သူမည်ဝါဖြစ်ကြောင်းသတ်မှတ်မှုများနှင့်သက်ဆိုင်လေ့ရှိသည်။
ဤအချက်များကိုရရှိရန် ကမ္ဘာလူဦးရေ ၏အကြီးဆုံးရာခိုင်နှုန်းအစိတ်အပိုင်းသည် ယခုအချိန်ထိ ရုန်းကန်နေကြရဆဲဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
Comments 1
i1k7wh