Border News Agency
မြိတ်၊စက်တင်ဘာ ၈။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ် -ထားဝယ်ခရိုင်၊လယ်မူလားမြို့နယ်၊ထ မင်းမစားရွာမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို KNLA၊KNDOနဲ့တော် လှန်းရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်း ပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစ ည်းအရုံးမှ စက်တင်ဘာ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းကို စက်တင်ဘာလ ၈ ရက်၊ဒီနေ့မနက်ပိုင်း ၇ နာရီအချိန်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက်အောက်ခံ KNDOတ ပ်ရင်း ၇၊တပ်ခွဲ ၂၊ တပ်ခွဲ ၅၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတပ်စခန်းဟာ စစ်ကော်မရှင်တပ်ရဲ့အမှတ် ၂၈၀ ခြေလျင်တပ်ရင်း၊ အမှတ်၃၀၉ အမြောက်တပ်ရင်း၊အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေ ၄၀ ကျော်စုပေါ င်းတပ်စွဲထားတဲ့စခန်းဖြစ်တယ်လို့ဆိုပါတယ်။
ကရင်ပြည်၊ကော့ကရိတ်မြို့နယ်ရှိစစ် ကော်မရှင်တပ်ရဲ့နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးထိုးစစ်ကိုရက်ပေါင်း ၅၀၀ရာကျော်ထိပိတ်ဆို့ဟန့်တားနိုင်ခဲ့ပြီးအောင်ဇေယျစစ် ကြောင်းနဲ့ကော့ကရိတ်မှာအခြေပြုထားတဲ့ စကခ ၁၂ နဲ့တပ်ရင်းဌာနချုပ်တချို့ကို KNLA ဦးဆောင်တပ်ဖွဲ့ကဝိုင်းပတ်ပိတ်ဆို့ နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုဟန့်တားပိတ်ဆို့နေစဥ်တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ နယ်မြေအတွင်း စစ်ကော်မရှင်တပ်ရဲ့ခြေကုပ်စခန်းပေါ င်း ၁၈ ခုကို တနှစ်ကျော်အတွင်းမှာ KN LA ဦးဆောင်တပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။