Border News Agency
မကွေး၊ စက်တင်ဘာ ၁၀။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေလက်နက်ချအညံ့ခံဖို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ရဲ့စစ်မှုမထမ်းမနေရ ဥပဒေအောက်မှာ ပုံစံအမျိုးမျိုးနဲ့အတင်း အဓမ္မစစ်သားစုဆောင်းထားတာ၊ စစ်သင်တန်းပေးတာကိုခံရပြီးနောက် စစ်သင်တန်းဆင်းရဲဘော်သစ်တွေကို အာရက္ခတပ်တော်က သတိပေးတာပါ။
“စောစောစီးစီးအလံဖြူထောင်၊ လက်နက်ချအညံ့ခံလာရင် အသက်ချမ်းသာရာရမယ်။ မိမိတို့နဲ့ရင်ဆိုင်ထားတဲ့ ဘယ်နေရာမှာမဆိုလက်နက်ချ၊ အညံ့ခံလိုပါကအချိန်မရွေးလာရောက်နိုင်ကြောင်း အသိပေးအပ်ပါတယ်။” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒိီလိုလက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သူတွေကို ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ထားပြီးမိသားစုတွေဆီပို့ပေးတာတွေ၊ အာရက္ခတပ်တော်မှာတာဝန်ထမ်းဆောင်ချင်ရင် ထမ်းဆောင်တာတွေ၊ ကာယကံရှင်ရဲ့ဆန္ဒကိုလိုက်လျောပြီးအကောင်းဆုံးကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲအမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ၊ အမှတ် ၅၇၄ ခြေမြန်တပ်ရင်း၊ အမှတ် ၅၆၉ ခြေမြန်တပ်ရင်း၊ အမှတ် ၅၇၅ ခြေမြန်တပ်ရင်း၊ အမှတ် ၅၇၇ ခြေမြန်တပ်ရင်း၊ အမှတ် ၅၂၀ ခြေမြန်တပ်ရင်း၊ အမှတ် ၂၉၅ ခြေလျင်တပ်ရင်းပါဝင်တယ်လို့ဆိုပါတယ်။
အဲဒီအပြင်စစ်ကော်မရှင်တပ်ရဲ့စစ်မှုမထမ်းမနေရဥပဒေအောက်မှာပုံစံအမျိုးမျိုးနဲ့အတင်းအဓမ္မစစ်သားစုဆောင်းထားသူတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။
အဲဒီလိုအဓမ္မစစ်သားစုဆောင်းစစ်သင်တန်းပေးတာကိုခံရပြီးစစ်သင်တန်းဆင်းလာတဲ့ရဲဘော်သစ်တွေနဲ့စုဖွဲ့ထားတဲ့တပ်ရင်းတွေနဲ့စုပေါင်းကာ ဧရာဝတီ တိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာတွေမှာ သူတို့ဆုံးရှုံးထားရတဲ့ နေရာတွေကို ပြန်ပြီးထိုးစစ်ဆင်တို က်ခိုက်လာနေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ခုရက်ပိုင်းတွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကော် မရှင်တပ်ဟာ မကွေးတိုင်း၊နတ်ရေကန်ကုန်းမှာ ထိုးစစ်တွေကို ပိုပြီးပြုလုပ်လာနေတယ်လို့ဆိုပါတယ်။