Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၄။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတကြီးဒူဝါလရှီးလနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားထိန်လင်း(ခ)ကင်မ်အဲရစ်တို့အွန်လိုင်းမှတွေ့ဆုံခဲ့ကြတာပါ။
အဲဒီလိုတွေ့ဆုံဆွေးနွေးခဲ့ကြတာကို ကိုထိန်လင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာမှာ စက်တင်ဘာလ ၁၄ ရက်ဒီနေ့ဖော်ပြထားသလို NUG သမ္မတလည်း ထုတ်ပြန်ပါတယ်။
အတူပူးပေါင်းခြင်းအင်အားဆိုပြီး စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့နဲ့ဖယ်ဒရယ်မြန်မာနိုင်ငံတည်ဆောက်ဖို့ အား လုံးရဲ့တူညီတဲ့ပြင်းပြတဲ့ဆန္ဒဖြစ်တယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
အရေးတကြီးလိုအပ်နေတဲ့ လူသားချ င်းစာနာထောက်ထားစောင့်ရှောက်မှု၊ပြည်သူယုံကြည်မှုရအောင် အားအင်အ သစ်နဲ့တာဝန်ယူတဲ့ခေါင်းဆောင်မှုရှိဖို့အစရှိတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ် မြောက်တာဟာ ငြိမ်းချမ်းတဲ့ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့အတွ က် အရေးပါတဲ့ပထမခြေလှမ်းဖြစ်တ ယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားတဲ့ကျော က်တော်မြို့နယ်သရက်တပင်ရွာရှိ ပ ညာပန်းခင်းနဲ့အမြင်သစ်အထက်တန်း ကျောင်းရဲ့အသက်ငယ်ရွယ်တဲ့ ကျော င်းသားလေးတွေအတွက် သူတို့ရဲ့ မိ သားစုနဲ့ထပ်တူအရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ ကိုထိန်လင်းကဆိုပါတယ်။
စစ်ကော်မရှင်ကရက်စက်ကြမ်းကြုတ်လှတဲ့လုပ်ရပ်တွေကို သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်မှာ ရပ်တန်းက ရပ်ရမှာဖြစ်ပြီးလွတ်လပ်ဖို့၊ တရားဥပဒေတည်မြဲဖို့၊လူတဦးချင်းစီ လူ့ဂုဏ်သိက္ခာရရှိဖို့အတွက်အတူတကွပူးပေါင်းဆောင်ရွက်ကြရမယ်လို့လည်းဆိုပါတယ်။