Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁၄။
စစ်ကော်မရှင်ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)မှ စက်တင်ဘာလ ၁၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် ပေါ် ပေါက်လာတဲ့ ပြဿနာတွေနဲ့နိုင်ငံတ ကာ၊ပြည်သူလူထုကိုလှည့်စားပြီး နိုင်ငံ ရေးတရားဝင်မှုရဖို့အတွက် သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာအတု အယောင်ရွေးကောက်ပွဲကိုကျင်းပဖို့ ကြံစည်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မခံ၊အသိအမှ တ်မပြု၊ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ပြည်သူလူထုနဲ့နိုင်ငံတကာကိုအ သိပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပြီးမဲဆန္ဒနယ်စုစုပေါင်း ၁,၁၇၁ ရှိရာ ၁,၁၁၇ နယ်ကျင်းပနိုင်ခဲ့သလို ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာမှာ ပြည်သူ့လွှတ်တော်မှ ၂၇,၅၁၂,၈၅၅ ဦး၊အမျိုးသားလွှတ်တော်မှ ၂၇,၄၉၅,၅၅၅ ဦး၊တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ် တော်တွေမှာ ၃၀,၄၅၉,၁၁၃ ဦးလာရော က်မဲပေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် တနိုင်ငံလုံးဆန္ဒမဲပေးမှုအနေနဲ့ ၇၁ ရာခိုင်နှုန်းကျော်ခဲ့ပြီး အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမဲဆန္ဒနယ်အားလုံးရဲ့ ၈၂.၃၆ ရာခိုင်နှုန်းအနို င်ရရှိခဲ့သလို လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦးရွေးကောက်တင်မြှောက်ခံခဲ့ရတယ်လို့ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ အဲဒီအချိန်က ကိုဗစ်-၁၉ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စားဖော်ထုတ်ခဲ့ကြသလိုနိုင်ငံတကာသံတမန်တွေ၊ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းတွေကလည်းလွတ်လ ပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအ ဖြ စ်အသိအမှတ်ပြုခဲ့ကြတယ်လို့ဆိုပါတ ယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားဝင်ဖွဲ့စည်းထားပြီးတည်ဆဲဥပဒေအရ အ ပြီးသတ်ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အထွေထွေရွေး ကောက်ပွဲရလဒ်ကို တရားဝင်ထုတ်ပြန် ကြေညာပြီးတာကြောင့်အဲဒီရလဒ်ကသာ ပြည်သူ့ ဆန္ဒနဲ့အညီ တရားဝင်တ ည်ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ပြည်သူလူထုရဲ့ဆန္ဒကို လျစ်လျူရှုကာ အဲဒိီအချိန်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက် အဓမ္မအာဏာလု ယူပြီး နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအ ကဲတွေ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကိုမတရားဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝ င်တွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအ ယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေမှာ ပါဝင်တာ၊ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဥ်ပြိုင်တာတွေကိုလုပ်လို့ရှိရင် ပါတီစည်းမျဥ်းစည်းကမ်းတွေအရ ထိထိရောက်ရောက်အရေးယူသွားမယ်လို့ဆိုပါတယ်။