Border News Agency
မောင်တော၊ စက်တင်ဘာ ၁၇။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်မှာ အရပ်သားနှစ်ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ မောင်တောဒေသခံတွေက အတည်ပြုပြောကြပါတယ်။
မောင်တောမြို့နယ်၊တမန်သားကျေးရွာမှဦးစံသိန်း(ထွီး)၊ဒေါ်မေစိန်ရဲ့သမီးအ သက်သုံးဆယ်ရှစ်နှစ်အရွယ်အေးစန္ဒာနွယ်၊ ဦးမောင်ထွန်းလှ၊ဒေါ်မသိန်းလှရဲ့သား၊အသက်လေးဆယ်နှစ်နှစ်အရွယ်မောင်မောင်လှိုင်ဖြစ်တယ်လို့ ဆိုကြပါတယ်။
သူတို့ဟာ အာရက္ခ-ဘင်္ဂလာနယ်စပ်အ နီးရှိ အင်းချောင်းကျေးရွာအနီးမှာသတ်ဖြတ်ခံကြရတာဖြစ်ပေမယ့်ဘယ်နေ့ကသတ်ဖြတ်ခံလိုက်ကြရလဲဆိုတာကို အ တိအကျမသိရသေးဘူးလို့ ရွာသားတွေက ဆိုကြပါတယ်။
“အဆက်သွယ်မရတာသုံးရက်ရှိပြီပြီ။ ဒီနေ့မနက်ပိုင်းကမှအသတ်ခံထားရတာကိုသိတာပါ။ အလောင်းတွေ့တယ်ဆိုပြီ မိသားစုဝင်ဆီဖုန်းဆက်ပြောလာမှအသတ်ခံထားရတယ်ဆိုတာကို သိရပါတယ်။” လို့တမန်းသားရွာသားတဦးက Border News Agency ကို ပြောပါတယ်။
သူတို့ဟာ တမန်းသားကျေးရွာဇာတိဖြစ်ပေမယ့် အင်းချောင်းကျေးရွာမှာသွားရောက်အလုပ်လုပ်နေထိုင်နေကြတာဖြ စ်ပြီးတခြားတဦးကတော့ နေအိမ်မှာထ မင်းချက်ကျန်နေခဲ့တာလို့ တမန်းသားကျေးရွားသားတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊အင်းချောင်းကျေးရွာအနီးမှာ ရိုဟင်ဂျာအ မည်ခံလက်နက်ကိုင်အကြမ်းဖက်သ မားတွေ လှုပ်ရှားမှုတွေရှိနေပြီး သူတို့သတ်ဖြတ်သွားကြတာဖြစ်နိုင်တယ်လို့တမန်းသားကျေးရွားသားတွေက ဆိုကြပါတယ်။
“မိသားစုတွေနဲ့ရွာသားတွေကတော့လို က်သွားကြပါတယ်။အာဆာတွေသတ်သွားတာလို့ ပြောနေကြပါတယ်။အတိ အကျကတော့မပြောနိုင်သေးပါဘူး။” လို့ မိသားစုဝင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျေးရွာတွေဟာ ဝေးလံခေါင်းပါးသလိုလမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲပြီး ကားလမ်းတွေလည်းပျက်စီးနေကြတာမို့ ဒေသခံပြည်သူတွေအတွ က် အန္တရာယ်တွေရှိနေတယ်လို့ ဆိုကြပါတယ်။
အဲဒီကျေးရွာတွေအနီးမှာ အာရက္ခတပ်တော်ရဲ့တပ်စခန်းတွေရှိနေပေမယ့်အ ရပ်သားပြည်သူတွေ ဖမ်းဆီးပြန်ပေးဆွဲခံကြရတာတွေ၊သတ်ဖြတ်ခံရတာတွေလည်း မကြာခဏဖြစ်နေကြတယ်လို့မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလှုပ်ရှားမှုတွေရှိနေပြီးဒေသခံအရပ်သားပြည်သူတွေရဲ့အသက်အန္တရာယ်နဲ့ဘေးကင်းလုံခြုံရေးကိုခြိမ်ခြောက်နေတာမို့ အာရက္ခတပ်တော်ကအကြမ်းဖက်ရှင်းလင်းရေးတွေအပြီးသတ်လုပ်ပေးဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။