Border News Agency
မောင်တော၊ စက်တင်ဘာ ၂၀။
အာရက္ခပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့အစ္စလာမ်မစ်အစွန်း ရောက်စစ်သွေးကြွ ARSA၊ RSO အကြမ်းဖက်အဖွဲ့တွေကို ကာကွယ်တိုက်ဖျက်ရာမှာ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသရှိ အာရက္ခမိဘပြည်သူတွေပူးပေါ င်းပါဝင်ကြဖို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က စက်တင်ဘာလ ၁၉ ရက်၊မနေ့က တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ဟာ ပြည်သူ့လုံခြုံ ရေးတွေကို အချိန်ပြည့်မဆောင်ရွက်နိုင်သေးတာကိုအခွင့်ကောင်းယူပြီး အစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းခြေကုပ်ယူ ထားပြီး နတ်မြစ်နဲ့မယူတောင်လမ်း ကြောင်းတွေမှတဆင့် အာရက္ခဒေသရဲ့မောင်တောခရိုင်ကို ဝင်ရောက်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။
မောင်တောခရိုင်အတွင်းသို့ နယ်စပ်မှတဆင့် ခိုးဝင်ရောက်ရှိလာကြတဲ့ အစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေဟာလူသူကင်းမဲ့တဲ့တောတောင်တွေ၊လူပြ တ်တဲ့နေရာတွေမှာ ဟင်းရှာ၊ထင်းခုတ်၊ဈေးဝယ် သွားလာနေကြတဲ့ ဒေသခံပြ ည်သူလူထုတွေထဲမှမူဆလင်မဟုတ်တဲ့သူတွေကို အကြမ်းဖက်ချောင်းမြောင်းပစ်ခတ်တာ၊ပြန်ပေးဆွဲတာ၊သတ်ဖြတ်တာတွေကို ခုရက်ပိုင်းတွေမှာ ဆက်တို က်လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီမောင်တောမြို့နယ်၊တမန်းသားကျေးရွာမှ အမျိုးသမီးတဦးအပါအဝင်အရပ်သားငါးဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အာရက္ခ-ဘင်္ဂလာနယ်စပ်အနီးရှိ အင်းချောင်းကျေးရွာအနီးမှာသတ်ဖြတ်ခံခဲ့ရပါတယ်။
အာရက္ခရေပိုင်နက်မှာ ခိုးဝင်ငါးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်သမားတွေဟာ အာရက္ခတပ်တော်ရဲ့လုံခြုံရေးအရာရှိတဦးနဲ့ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တဦးကိုသတ်ဖြတ်လက်နက်တွေလုယူပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့ကြပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခ-ဘင်္ဂလားနယ်စပ်ကို တရားမဝင််နယ်စပ်ဖြတ်ကျော်ပြီးမောင်တောခရိုင်မှာအကြမ်းဖက်မှုတွေမကြာ ခဏကျူးလွန်နေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
နောက်ပြီး အာရက္ခ-ဘင်္ဂလားနယ်စပ်၊မောင်တောခရိုင်ရှိ အာရက္ခတပ်တော်ကင်းစခန်းတွေ၊ တပ်စခန်းတွေကို ချောင်းမြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေသလို အရပ်သားပြည်သူတွေကို ချောင်းမြောင်းပစ်ခတ်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေ မကြာခဏကျူးလွန်နေကြတ ယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားနယ်စပ်၊မောင်တောခရိုင်ကို အကြမ်းဖက်တိုက်ခိုက်ဖို့အတွက် ရိုဟင်ဂျာအမည်ခံလက်နက် ကိုင်အကြမ်းဖက်သမားတွေဟာ နေရာအများအပြားမှာအရပ်သားတွေနဲ့အတူဝင်ရောက်နေထိုင်နေကြသလို နယ်စပ်တလျှောက်နဲ့မယူတောင်ကြောနေရာတချို့မှာစခန်းချနေကြတယ်လို့ ကိုယ် တိုင်မြင်တွေ့နေကြရသူ မောင်တောမြို့ နယ်မှပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ အာရက္ခ-ဘင်္ဂလာနယ်စပ်မောင်တောမြို့နယ်ကို ပြီးခဲ့တဲ့နှစ်ဒီဇင် ဘာလ ၈ ရက်နေ့က အပြီးသတ်သိမ်း ပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့်ရိုဟင်ဂျာအ မည်ခံလက်နက်ကိုင်အကြမ်းဖက်သ မားတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေက ခုလိုမျိုးအကြမ်းဖက်လှုပ်ရှားမှုတွေဟာအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့အပြစ်မဲ့အာရက္ခပြည်သူတွေရဲ့ အသက်အိုးအိမ်၊စည်း စိမ်တွေကိုခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရသတိထားရမယ့် အချိန်ကာလဖြစ်တယ်လို့သတိပေးထားပါတယ်။