Border News Agency
ရေဖြူ၊ စက်တင်ဘာ ၂၀။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက်စစ်ကော်မရှင်တပ်ရဲ့အမှတ် ၄၀၉ ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းမှ စက်တင်ဘာလ ၁၉ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီအမှတ် ၄၀၉ ခြေမြန်တပ်ရင်းမှတပ်သားအောင်မျိုးပိုင်နဲ့ဟိန်းမင်းသူဟာ MA-1 ၂ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်အတောင့် ၁၂၀ နဲ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာအလင်းဝင်လာတာလို့ဆိုပါတယ်။
အဲဒီစစ်သားနှစ်ဦးဟာအပတ်စဥ် ၁၃ စစ်မှုထမ်းသင်တန်းဆင်းတွေလို့ဆိုပါတယ်။
သူတို့တွေကို ဆုကြေးငွေ ငွေကျပ်သိန်းငါးဆယ်စီပေးပြီးလွတ်မြောက်နယ်မြေ တနေရာကိုပို့ထားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း အပတ်စဉ် ၁၉ မှအမှတ် ၄၀၆ ခြေမြန်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့တပ်သားရဲသိန်းနိုင်လည်း လက် နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ စက်တင်ဘာလ ၁၈ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ထားဝယ်မြို့မှ ပကာရီရွာသို့ ထွက်လာတဲ့နယ်မြေရှင်းစစ်ကြောင်းမှ MA 1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ကျည် ၁၈၀ တောင့်နဲ့အတူထားဝယ်အမျိုးသားလွ တ်မြောက်ရေးတပ်တော်(DNLA) သို့လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်နဲ့အမှန်တရား ဘက်ရပ်တည်လိုတဲ့ စစ်ကော်မရှင်ရဲ့စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးအလင်းဝင်ခိုလှုံဖို့ကိုလည်း ဒူရက စစ်ကြောင်းကဖိတ်ခေါ်ထားပါတယ်။