Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၂၆။
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန် ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ၉၇ ကီလိုကို ဖမ်းဆီးရမိခဲ့တယ်လို့ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုကော်မတီမှ စက်တင်ဘာလ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ရေကြောင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တွေပါ ဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက် ၁ နာရီခွဲအချိန်ခန့်က ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြစ်၊မြစ်သုံးဆိုင်ရေပြင်အနီးမှာ ခင်မောင်လင်းနဲ့သက်ပိုင်ထူးတို့နှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးနဲ့အတူသမ္ဗန်စက်လှေနဲ့ သယ်ဆောင်လာတဲ့ ၂၉ ဒသမ ၉၁ ဘီလီယံတန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမ င်း)၉၉၇ ကီလိုကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်အိုက်စ်(မက်သ်အဖက်တမ င်း)တွေကိုတင်ယူလာတဲ့ ကျော်စိုးမင်းကို ဒလမြို့နယ်၊သမ္မတကမ်းခြေရပ် ကွက်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါ င်းအဖွဲ့ဟာ မနက် ၆ နာရီအချိန်ကဖမ်း ဆီးရမိထားတဲ့အိုက်စ်(မက်သ်အဖက်တမင်း)တွေကိုသယ်ဆောင်ခိုင်းသူကျော်သိန်းဦး(ခ)ကျော်ကြီးကို ပုဇွန်တောင်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဇော်မင်းနိုင်(ခ)ဇော်မင်းလ တ်ကို ရန်ကင်းမြို့နယ်မှာဖမ်းဆီးရမိခဲ့သလို စက်တင်ဘာလ ၁၇ ရက်နေ့ကလည်းကွမ်းခြံကုန်းမြို့နယ်၊ရန်ကုန်မြစ်၊မြက်စိမ်းကျွန်းသို့သဲစုပ်စက်လှေနဲ့ ပို့ ဆောင်ပေးခဲ့သူမျိုးနိုင်(ခ)အကြီးကော င်ကို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စက်လှေ နစီးနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့စိတ်ပြောင်းဆေး ဝါးအိုက်စ်(မက်သ်အဖက်တမင်း)တွေကို သယ်ဆောင်ခိုင်းသူမှာကိုထွန်း (ခ) အောင်ကျော်စွာမြင့်ကို ဖမ်းဖို့ကျန်နေသေးတယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးနဲ့ဖမ်းဆီးရမိထားသူတွေကို ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလဘ်း ဆက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။