Border News Agency
မောင်တော၊ စက်တင်ဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောနယ်စပ်၊ တမန်းသားကျေးရွာနဲ့ဒုံးညိုကျေးရွာမှရွာသားဆယ်ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့က စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေနဲ့ပတ်သက်ပြီးစက်တင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲဒီစစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေရဲ့အကြမ်းဖက်လုပ်ရပ်ဖြစ်စဉ်ဖြစ်ပွားနေတာ ရက်သတ္တပတ်ကာလအတွင်းနယ်စပ်တလျှောက်မှာ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နေထိုင်ကြတဲ့ မူဆလင်မဟုတ်တဲ့ရခိုင်အပါအဝင်တခြားသောမျိုးနွယ်စုတချို့ကို ရိုဟင်ဂျာအမည်ခံအဖွဲ့က အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်သုံးခုအထက်ရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီစစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနတ်မြစ်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကတဆင့် မောင်တောခရိုင်အတွင်းသို့ဝင်ရောက်ပြီး နယ်စပ်ရှိအာရက္ခတပ်တော် လုံခြုံရေးစခန်းတချို့ကို ဆက်တိုက် တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒေသခံအာရက္ခပြည်သူလူထုများကို လူပြတ်တဲ့နေရာတွေမှာချောင်းမြောင်းပစ်ခတ်သတ်ဖြတ်တာ၊ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်တာ၊ အနိုင်ကျင့်ငွေညှစ်တာ၊ လုယက်တာ၊ပြန်ပေးဆွဲတာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှနယ်စပ်ဖြတ်ပြီး မောင်တောခရိုင်အတွင်းသို့ခိုးဝင်ရောက်ရှိလာကြတဲ့ အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဟာ ဒေသခံပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအရပ်သားအလောင်းတွေကို အာရက္ခတပ်တော်စစ်ယူနီဖောင်းတွေ တမင်တကာရည်ရွယ်ချက်ရှိရှိအစားထိုးဝတ်ဆင်ပေးပြီး ရုပ်သံ၊ ဓာတ်ပုံတွေထုတ်လွှင့်ကာ သူတို့ကျူးလွန်ထားတဲ့အရပ် သားသတ်ဖြတ်မှုတွေကို ဖျောက်ဖျက်ဖို့ကြိုးစားအားထုတ်ကြတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
အဲဒီသတ်ဖြတ်ခံရသူတွေကို အာရက္ခတပ်တော်ရဲ့ယူနီဖောင်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေ အစားထိုးဝတ်ဆင်ပေးထားတဲ့အရပ်သားအလောင်းတွေကို တိုက်ပွဲအတွင်းအာရက္ခတပ်တော် ဘက်ကကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေဖြစ်တယ်ဟုလည်း လိမ်လည်လှည့်ဖြားဝါဒဖြန့်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့နယ်မှာအရပ်သားတွေအပါအဝင်လူတချို့ဖမ်းဆီးသတ်ဖြတ်ခံနေကြရတာဟာ မူးယစ်ဆေးဝါးကိစ္စတွေနဲလည်းဆက်စပ်နေကြတယ်လို့မောင်တောဒေသခံတွေက ဆိုကြပါတယ်။