Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၂၉ ။
ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာကို စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တအာင်းတပ်မတော်က စက်တင်ဘာလ၂၉ရက်မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နမ့်ဆော့ကျေးရွာရှိ ပြည်သူတွေနေရာတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ၂၇ ရက်နေ့ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာကြောင့် အမျိုးသားတဦးရဲ့ညာဖက်ခြေထောက်ဒဏ်ရာသွားခဲ့ပြီး ပြောင်းဖူးခင်းတွေလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံးနှစ်ဆယ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ရန် လိုအပ်တယ်လို့ဆိုပါတယ်။