Border News Agency
လယ်မူလား၊ အောက်တိုဘာ ၃။
လယ်မူလားမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးလက်နက်တွေနဲ့အတူအလင်းဝင်လာတယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးမှ အောက်တိုဘာလ ၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ခလရ-၂၆၅ တပ်ရင်း မှ တပ်ဖွဲ့ဝင်တဦးဟာ အောက်တိုဘာလ ၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ KNDO တပ်ရင်း ၇ သို့ အလင်းဝင်လာတယ်လို့ဆိုပါတယ်။
အလင်းဝင်လာတဲ့တပ်သားဟာ စစ်ကော်မရှင်ရဲ့အတင်းအဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရပြီး ရှေ့တန်းဘက်သို့အပို့ခံခဲ့ရချိန်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့လို့ KNLA ထံအလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။
စစ်ကော်မရှင်ထပ်ထံ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့တပ်သားတွေအနေနဲ့ KNLA နဲ့နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ လက်နက်ချ အလင်းဝင်ပူးပေါင်းကြဖို့ကိုလည်း အသိပေးထားပါတယ်။