Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စီးပွားရေး မင်းပြားမြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ရေကြီးလို့ ပျက်သွားတဲ့စပါးခင်းအများစုကို လယ်သမားတွေ ပြန်မစိုက်နိုင်ကြ

(ဓာတ်ပုံ -မင်းပြားမြို့နယ်က လယ်ယာလုပ်ငန်ခွင်ကို သြဂုတ်လပထမအပတ်ကတွေ့ရပုံ / BNA)

(ဓာတ်ပုံ -မင်းပြားမြို့နယ်က လယ်ယာလုပ်ငန်ခွင်ကို သြဂုတ်လပထမအပတ်ကတွေ့ရပုံ / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
မင်းပြား၊ ဩဂုတ် ၁၇။

အာရက္ခဒေသမှာ ရေကြီးမှုကြောင့် စိုက်ပျိုးထားပြီးသား စပါးခင်းဧကနှစ်သောင်းခန့်ပျက်စီးသွားခဲ့ပြီး လယ်အများစုကို စပါးတွေ ပြန်မစိုက်ပျိုးနိုင်ကြဘူးလို့ လယ်သမားတွေနဲ့လယ်သမား အရေးကူညီဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

အဲဒီလယ်တွေကို စပါးပြန်လည်စိုက် ပျိုးဖို့အရင်းအနှီး၊မျိုးစပါးမရှိတာ၊ အ ချိန်မမီတော့တာမို့ ထပ်မစိုက်နိုင်ကြ တာလို့ လယ်သမားတွေက ဆိုကြပါတယ်။

“ကောက်မျိုးစပါးလည်း ရှာမရပါဘူး။ ရေနဲ့ပါသွားတာတွေ ရှိပါတယ်။ ကောက်မျိုးရရင်တောင် ထပ်ထွန်ဖို့၊ထပ်လုပ်ဖို့က ပိုက်ဆံမရှိပါဘူး။ လယ်လုပ်လို့ အရှုံးပေါ်ရတဲ့အထဲ ဒီလိုဖြစ်တော့ ပိုဆိုးသွားပါတယ်။” လို့ မင်းပြားမြို့နယ်မှ လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။

တောင်ကုတ်၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ဘူးသီးတောင်၊ မောင်တော၊ရသေ့တောင် စတဲ့မြို့နယ်တွေမှာ ဇွန်လဆန်းမှဇူလိုင်လထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေတွေမြင့်တက်ပြီးရေကြီးခဲ့တာပါ။

အဲဒီရေကြီးမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊မင်းပြားစတဲ့မြို့နယ်တွေမှာ စပါးခင်းပျက်စီးမှုအများဆုံးရှိခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

“တဧကကွက်တကွက်မှာ ရေနစ်ရင် တစိတ်တခြမ်းပျက်သွားပါမယ်။တချို့နေ ရာတွေမှာတော့ အပင်ကြီးထွားမှုတွေ ရပ်ဆိုင်းသွားတာတွေ ရှိနိုင်ပါတယ်။ လုံး၀ပျက်(သေ)ထွက်သွားတာတွေလ ည်းရှိနိုင်ပါတယ်။နေရာတွေကတော့ မြောက်ဦးမြို့နယ်မှာဆိုရင် ပေါင်းတုတ်ကွင်းပါ။ ကျောက်တော်ဘက်မှာဆိုရင် ညောင်ချောင်း၊ စပါးဆိပ်နားက ကွင်းတွေရှိပါမယ်။ထိခိုက်တာကတော့ များ ပြားပါမယ်။” လို့ ဓည၀တီတောင်သူ လယ်သမားဖွံ့ ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူးဦးမောင်သိန်းလှက Border News Agency ကို ပြောပါတယ်။

အဲဒီစပါးခင်းတွေကို ထပ်စိုက်မယ်ဆိုရင် ထပ်စိုက်လို့ရနိုင်ပေမယ့် ရာသီဥတိုကိုစိတ်မချရတာမို့ ထပ်မစိုက်ကြတော့တာလို့ လယ်သမားတွေက ဆိုကြပါတယ်။

“အရင်းအနှီးရှိလို့ ထပ်စိုက်ရင်တောင် မိုးကမမှန်ရင် စပါးက မဖြစ်ပါဘူး။ပျ က်မှာပါ။အဖူးဖူးရမယ့်အချိန် အားတင်ဖို့ ဓါတ်မြေဩဇာကျွေးနိုင်ရပါမယ်။ နောက် မိုးလိုပါတယ်။မိုးမရွာရင် သွားပါပြီ။အဲဒါကြောင့် စပါးထပ်မစိုက်ကြတာပါ။” လို့ မင်းပြားမြို့နယ်မှ လယ် သမားတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခလယ်သမားတွေဟာ လယ်ယာလုပ်ငန်းသုံးသွင်းအားစုတွေအဆမတန်စျေးကြီးတာ၊လယ်ယာထွက်ကုန်စပါးတွေ စျေး‌ကောင်းမရတာ၊ရောင်းမထွ က်ကြတာမို့ လယ်သမားတွေဟာလယ် ယာမြေအားလုံးကို ထွန်ယက်မစိုက်ပျိုးနိုင်ကြဘဲ အနည်းငယ်ကိုသာ ထွန်ယက်စိုက်ပျိုးခဲ့ကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသမှာ စပါးစိုက်ဧကတဆယ့်နှစ်သိန်းကျော်ရှိပေမယ့် စပါးစိုက်ဧ ကထက်ဝက်ခန့်တောင် မစိုက်ပျိုးနိုင်ကြဘူးလို့ လယ်သမားအရေးဆောင် ရွက်သူတွေခန့်မှန်းထားကြပါတယ်။

အဲဒီလိုအခြေအနေမှာရေကြီးမှုကြောင့် စိုက်ပျိုးထားပြီးသား စပါးခင်းဧကနှစ်သောင်းခန့်ပျက်စီးခဲ့ရတာပါ။

အာရက္ခဒေသမှာ စပါးစိုက်ပျိုးသူတဖြေးဖြေးနည်းပါးလာသလို ပြည်တွင်းရိက္ခာဖူလုံမှုကို ထိခိုက်နိုင်တာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ စပါးစိုက်တောင်သူတွေအတွက် သွင်းအားစုတွေ စျေးသက်သက်သာသာနဲ့ရနိုင်ရေး၊ စပါးတွေစျေး‌ကောင်းရရေး ကူညီဆောင်ရွက်ကြိုးပမ်းပေးဖို့လိုအပ်တယ်လို့ လယ်သမားတွေက ထောက်ပြတောင်းဆိုနေကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တော့ လယ်သမားတွေကိုမျိုးစပါးတွေ၊ဓါတ်မြေဩဇာတချို့ ထောက်ပံ့ကူညီရောင်းချပေးပေမယ့် လယ်သမားတွေအတွက် သက်သာတဲ့နှုန်းထားမဟုတ်ဘူးလို့ တောင်သူလယ်သမားတွေက ထောက်ပြကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကော်မရှင်တပ်က လမ်းပန်းဆက်သွယ်ရေးအပါအဝင် ကုန်စည်စီးရင်းမှုတွေကိုလည်း ပိတ်ဆို့ထားတာမို့လယ်သမားတွေဟာ မျိုးစပါးတွေအပါအဝင် ဓာတ်မြေသြဇာတွေ၊ သွင်းအားစုတွေ၊ စက်သုံးဆီတွေကို အိမ်နီးချင်းနိုင် ငံတွေကသာ ခက်ခက်ခဲခဲဝယ်ယူတင်သွင်းနေကြရတယ်လို့ တောင်သူလယ် သမားတွေက ဆိုကြပါတယ်။

PrevPreviousကျောက်ဖြူတိုက်ပွဲ အလွန်ပြင်းထန်နေ
Nextကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးNext
Previous Post

ကျောက်ဖြူတိုက်ပွဲ အလွန်ပြင်းထန်နေ

Next Post

ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်ပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

ဟားခါးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံး

Releated Post

(ဓာတ်ပုံ - အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့နတ်ရေကန်ဗျူဟာကုန်းကြီးမှကမ္ဘာ့လုံးအထိုင်ကာကင်းစခန်းကြီး / AA)

နတ်ရေကန်ဗျူဟာကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ထိုးစစ်ဆင်နေ

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရ

October 13, 2025

စစ်ကော်မရှင်ရဲ့ NCA ပွဲကို နိုင်ငံတကာမတက်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို

October 13, 2025

စစ်ကိုင်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦးသေဆုံး

October 13, 2025
ဓာတ်ပုံ - ညိုမင်းခိုင်

မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများ ပါတီရုံးဖွင့်

October 13, 2025

ဟားခါးမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားနှစ်ဦးသေဆုံး

October 13, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page