Border News Agency
ရှမ်းပြည်၊ သြဂုတ် ၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ကမ္ဘာကျော် ဂုတ်တိပ်တံတားမိုင်းခွဲဖျက်ဆီးခံရပါတယ်။
အဲဒီတံတားဟာနှစ် ၁၀၀ ကျော်သက်တမ်းရှိနောင်ချိုမြို့အနီးခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိုးလမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။
အဲဒီနောင်ချိုမြို့ကို စစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်ထားပြီးဖြစ်ပေမယ့်လည်း စစ်ကော်မရှင်တပ်နဲ့ TNLA ကြားနှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။