Border News Agency
မန္တလေး၊ ဩဂုတ် ၃၀ ။
အာဏာရှင်စနစ်ကြောင့် ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ရေးမှာပါဝင်လာကြတဲ့ အသက်မပြည့်သူတွေကို မိသားစုဆီပြန်လည်အပ်နှံနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သြဂုတ် ၂၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အသက်တဆယ့်ရှစ်နှစ်မပြည့်သေးတဲ့ကလေးသူငယ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခွင့်မပြုဖို့ ညွှန်ကြားထားတာမို့ဝင်ရောက်လာတဲ့ကလေးတွေကို သတ်မှတ်စည်းကမ်းတွေနဲ့အညီပြုလုပ်သွားမယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊မေ လ ၉ ရက်မှာထုတ်ပြန်တဲ့ တပ်သားသစ်စုဆောင်းရေးမူဝါဒ ဆယ်ချက်မှာ အသက်တဆယ့်ရှစ်နှစ်ပြည့်ပြီးသူကိုသာ တပ်ဖွဲ့ဝင်အဖြစ်လက်ခံရမယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်ကြောင့်အမျိုး သားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေကိုဝင်ရောက်လာကြပြီး သူတို့တွေကို မိဘတွေဆီပြန်အပ်နှံကာ ဆွေးနွေးပညာပေးတာ၊ ပညာသင်ကြားနိုင်ဖို့ ဆောင်ရွက်တာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းမှုမှ ကာကွယ်ဖို့အတွက် နိုင်ငံတကာစစ်ဘက်ဆိုင်ရာဥပဒေတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလိုက်နာရမယ့်လမ်းညွှန်ချက်နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာရမယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွ ယ်ရေးဝန်ကြီးဌာနက၂၀၂၄ ခုနှစ်၊ မေ ၉ ရက်နေ့ထုတ်ပြန်ခဲ့တဲ့တပ်သားသစ် စုဆောင်းရေးမူဝါဒဆယ်ချက်မှာအသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး သူကိုသာတပ်ဖွဲ့ဝင်အဖြစ်လက်ခံရမယ်လို့ သတ်မှတ်ထားပါတယ်။
အဲဒီစည်းမျဥ်းစည်းကမ်း၊ အမိန့်၊ လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကြပ်မတ်နေပြီး ဖောက်ဖျက်ကျူးလွန်ရင် စစ်ဘက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။