မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တရုတ်နိုင်ငံ၊ပေကျင်းမြို့မှာ စက်တင်ဘာလ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံနှုတ်ဆ က်ခဲ့ပါတယ်။
ပေကျင်းမြို့မှာကျင်းပနေတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအ နားကိုတက်ရောက်နေစဉ်မှာ တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုစာမျက်နှာတွေမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကိုတွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တာကို ဖော်ပြကြပေမယ့် ဘာတွေပြောဆို တယ်ဆိုတာကိုတော့ ဖော်ပြတာမရှိပါဘူး။
အဲဒီအခမ်းအနားမှာပဲ မြန်မာစစ်ခေါင်း ဆောင်ဟာ အင်ဒိုနီးရှားနိုင်ငံသမ္မတအပါအဝင် ခေါင်းဆောင်တချို့နဲ့လည်း နှုတ်ဆက်ခဲ့တာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားသံအမတ်ခန့်အပ်တာကို ၁၉၈၃ ခုနှစ်ကတည်းက ရပ်ဆိုင်းဖြတ်တောက်ထားခဲ့တာပါ။
ခုတော့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးအတွက် ရန်ကုန်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်အဖြစ် မစ္စတာကင်ချုံအီကို ခန့်အပ်ဖို့ သဘောတူထားပြီးဖြစ်ကြောင်း စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ကြေညာထားပါတယ်။