Border News Agency
ပလက်ဝ၊ စက်တင်ဘာလ ၄။
မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးတို က်ဖျက်ရေးအတွက် စက်တင်ဘာလ ၁ ရက်နေ့မှဒီဇင်ဘာလ ၃၁ ရက်နေ့ထိ လေးလကြာအထူးစစ်ဆင်ရေးပြုလုပ်နေကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့ဒုတိယရဲမှူးချုပ်(IGP)H.Ramthlengliana က ပြောတယ်လို့ အိန္ဒိယသတင်းဌာနတွေမှာဖော်ပြထားပါတယ်။
အဲဒီအထူးစစ်ဆင်ရေးဟာ မြန်မာနိုင်ငံမှမီဇိုရမ်ပြည်နယ်သို့ မူးယစ်ဆေးဝါးခိုးသွင်းမှုတွေကို ထိထိရောက်ရောက် ဟန့် တားနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို ရဲတပ်ဖွဲ့၊ အခွန်၊ မူးယစ်ဆေးဝါးဦးစီးဌာန၊ မီဇိုလူငယ်အသင်းတို့ ပူးပေါင်းဆောင်ရွက်နေကြတာပါ။
“မူးယစ်ဆေးဝါးမှောင်ခိုလုပ်တေကြသူတွေ၊ သုံးစွဲနေကြသူတွေဟာ လူအသိုင်းအဝိုင်းကို အန္တရာယ်ဖြစ်စေပါတယ်။ ခိုးမှုတွေ၊ တခြားမှုခင်းတွေကိုလည်း မကြာခဏကျူးလွန်တတ်ကြပါတယ်။ အဲဒါကြောင့် မူးယစ်ဆေးဝါးမှောင်ခိုသမားတွေ၊ သုံးစွဲနေကြသူတွေကို အများကြီးတိုင်ဖျက်ဖို့လိုအပ်နေပါတယ်။” လို့ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် K. Sapdanga က ပြောပါတယ်။
မြန်မာနိုင်ငံမှခိုးသွင်းလာတဲ့မူးယစ်ဆေးဝါးတွေရဲ့ဆယ်ရာခိုင်နှုန်းကိုသာဖမ်းဆီးနိုင်တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ဒုတိယရဲမှူးချုပ်(IGP) H. Ramthlengliana က ပြောပါတယ်။
အဲဒါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်မှာ မူးယစ်ဆေးဝါးကုန်သွယ်နေကြတာတွေကို တိုက်ဖျက်ဖို့ ရဲတပ်ဖွဲ့ဝင် ၃၂ ဦး၊အာသံရိုင်ဖယ်တပ်အပါအဝ င် ဒေသခံစေတနာ့ဝန်ထမ်းတွေလည်းပူးပေါင်းဆောင်ရွက်နေကြပါတယ်။
မြန်မာနိုင်ငံနဲ့မီဇိုရမ်ပြည်နယ်ဟာ နယ်စပ်ချင်းထိစပ်နေတဲ့ဧရိယာတွေများတာမို့ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးအလွန်ဝင်ရောက်နေမှုအန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး အာရက္ခတ ပ်တော်ထိန်းချုပ်နယ်မြေတွေမှ ပြည်သူတွေဟာ ပလက်ဝမြို့နယ်ကတဆင့်မီဇိုရမ်ပြည်နယ်သို့နေ့စဥ်အဝင်အထွက်ပြုလုပ်ကုန်သွယ်နကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအဝင်အထွက်ပြုလုပ်သွားလာနေကြသူတွေကို တရားမဝင်မူးယစ်ဆေးဝါးတွေ၊ စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးတွေကို သုံးစွဲ၊ သယ်ယူ၊ ရောင်းဝယ်တာတွေ လုံးဝမပြုလုပ်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ပြင်ပဆက်ဆံရေးဗျူရို၊နယ်စပ်ဆက်ဆံရေးရုံး(အိန္ဒိယ)က အသိပေးထားပါတယ်။