Border News Agency
မောင်တော၊စက်တင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်က ကျေးရွာရှစ်ရွာကို လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ ငှက်ဖျားရောဂါကာကွယ်ရေးတွေ ပြုလုပ်ပေးခဲ့တယ်လို့ စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အာရက္ခကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး Malaria Response လုပ်ငန်းကို ကျန်း မာရေးအကူအညီတွေမရသေးတဲ့ မောင်တောမြို့နယ်ကကျေးရွာရှစ်ရွာမှာ ဩဂုတ်လတတိယပတ်ပြုလုပ်ပေးခဲ့တာပါ။
ငှက်ဖျားရောဂါကာကွယ်ရေးလုပ်ငန်းကို HDCO မှသက်ဆိုင်ရာဌာနတွေနဲ့ပူး ပေါင်းပြီး မုတ်သုံရာသီအတွင်းခြင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ကျန်းမာရေးစီမံကိန်းအဖြစ်ပြု လုပ်ခဲ့တယ်လို့ဆိုပါတယ်။
မောင်တောမြို့နယ်အတွင်း လုံခြုံရေးစိုးရိမ်ရပြီး လမ်းပန်းဆက်သွယ်ရေးခ က်ခဲတာတွေကြောင့် ကျန်းမာရေးဝန် ဆောင်မှုရဖို့ခက်ခဲနေတဲ့ လူနည်းစုမြိုလူမျိုးကျေးရွာတွေကို ကျန်းမာရေးဝန် ထမ်းတွေ အပါအဝင်သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးငှက်ဖျားပိုး စစ်ဆေးတာတွေကို ပြုလုပ်ပေးနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ပိုးတွေ့လူနာတွေကိုကုသမှုပေးတာနဲ့ကျန်းမာရေးအသိပညာပေးတာတွေကိုကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လူဦးရေတရာခန့်ကို စစ်ဆေးခဲ့ရာမှာတဆယ့်ခုနှစ်ဦး ငှက်ဖျားပိုးတွေ့ခဲ့တယ်လို့ဆိုပါတယ်။
HDCOဟာ ကျန်းမာရေးစီမံကိန်းအဖြစ်သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းတွေ၊ ခြင်ထောင်ဖြန့်ဝေတာတွေ၊ အရေပြားရောဂါဆေးဝါးထောက်ပံ့မှုစတဲ့လုပ်ငန်းတွေကိုလည်းအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါ င်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်ပြည်တွင်း၊ပြည်ပလူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်းလိုအပ်တဲ့ပံ့ပိုးကူညီမှုတွေကိုဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းထားပါတယ်။







Comments 1
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?