Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

စစ်ခေါင်းဆောင် ကြွေးကြော်နေတဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်လာမလား

Author picture

By

BNA Author
Reading Time: 4 mins read
1
A A
0
SHARES
42
VIEWS
Share on FacebookShare on Twitter

လင်းခိုင်ရေးတယ်။

အရပ်သားပြည်သူ့အစိုးရလက်ထဲကနေ မဲသမာမှုအကြောင်းပြကာ တိုင်းပြည်အာဏာတွေကိုလုယူခဲ့တဲ့စစ်ခေါင်းဆောင်ဟာ အာဏာစသိမ်းချိန်ကတည်းက ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဆက်တိုက်ပြောဆိုကြွေးကြော်နေလာခဲ့တာလေးနှစ်ကျော်သွားပြီဖြစ်ပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ပြောဆိုနေတဲ့ ရွေးကောက်ပွဲကတော့ လက်တွေ့တကယ်ဖြစ်မလာသေးပါဘူး။

စစ်အုပ်စုကပဲ အတည်ပြုရေးဆွဲခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးရမယ်လို့ဆိုထားပေမယ့် အာဏာသိမ်းကာလ လေးနှစ်ကျော်တဲ့ထိ ကျင်းပနိုင်ခြင်းမရှိသေးတာပါ။

နိုင်ငံလုံးအနှံ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေနဲ့ကြုံနေရပြီး မြို့ရွာနယ်မြေတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ ပထမတစ်နှစ်နဲ့ နောက်ထပ်ခြောက်လနှစ်ကြိမ် (စုစုပေါင်းနှစ်နှစ်) သာသက်တမ်း ထပ်တိုးခွင့်ရှိတဲ့ အရေးပေါ်ကာလကို ငါးကြိမ်ဆက်တိုက်တိုးယူထားပြီးဖြစ်ပါတယ်။

ခုတကြိမ်မှာလည်း စစ်ခေါင်းဆောင်ဟာ သူရဲ့ရွေးကောက်ပွဲဇာတ်လမ်းပြန်စလာပြီး လာမယ့်ဒီဇင်ဘာလတတိယပတ်ကနေ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီပထမပတ်နဲ့ ဒုတိယပတ်ထိတလတာကာလအတွင်း လေးကြိမ်ခွဲကာ ကျင်းပဖို့လျာထားတယ်လို့ ကာလအပိုင်းအခြားနဲ့ပါ ထုတ်ပြောလာတာပါ။

ဒါပေမယ့် အဲဒီရွေးကောက်ပွဲကို ဘယ်လိုဘယ်ပုံကျင်းပမလဲဆိုတဲ့ အသေးစိတ်ကို‌တော့ ထုတ်ပြောတာမရှိသေးပါဘူး။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေနဲ့ နယ်မြေအနည်းငယ်ကိုသာ အပြည့်အ၀နီးပါး စိုးမိုးအုပ်ချုပ်နိုင်တော့ပြီး မြို့ပေါင်းတရာနီးပါး လက်လွှတ်ထားရပြီဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကို တကယ်ရော ကျင်းပနိုင်ပါဦးမလား။

ဘယ်လိုအစီအစဉ်၊ အကြံအစည်တွေနဲ့ ကျင်းပဖို့ကြိုးစားနေလဲဆိုတဲ့အပေါ် အကဲခတ်တွေကြား ဝေဖန်မှုတွေ အသီးသီးရှိနေပါတယ်။

စစ်ကောင်စီထုတ်ပြောလာတဲ့ ရွေးကောက်ပွဲ

ရွေးကောက်ပွဲကို လာမယ့် ၂၀၂၆ ဇန်နဝါရီမှာ အပြီးသတ်ကျင်းပသွားမှာဖြစ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးသွားမယ်လို့ ရှရှားခရီးစဉ်အပြီး သွားရောက်ခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံခရီးစဉ်၊ မတ်လဆန်းပိုင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်းမတည် ငြိမ်မှုတွေကို အကြောင်းပြကာ ဖွဲ့စည်းပုံအခြေဥပဒေကို လက်တလုံးခြားချိုးဖောက်ပြီး အရေးပေါ်ကာလတွေ ဆက်တိုက်တိုးယူနေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပမယ့်ကာလကို အချိန်အပိုင်းအခြားနဲ့ထုတ်ပြောလာတာဖြစ်ပါတယ်။

“ခုတကြိမ်တော့ ပိုပြီးတိတိကျကျ ပြောတာပေ့ါ။ဒါပေမယ့် ဒါတွေက ကော်မရှင်ကပြောရမယ့်ဟာတွေ” လို့ စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစောင့်ကြည့်နေတဲ့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

အဲဒီလို ကာလအပိုင်းအခြားနဲ့ထုတ်ပြောလာတာဟာ ရုရှား၊ဘယ်လာရုစ်အပါအဝင် နိုင်ငံအချို့ဆီသွားရောက်ခွင့်ရခဲ့ပြီးနောက် နိုင်ငံတကာထောက်ခံမှုရတယ်ဆိုတဲ့အမြင်နဲ့ရွေးကောက်ပွဲလုပ်ဖို့အားပြုလာတာဖြစ်ပြီးဒီထက်ပိုကြာသွားရင် ရွေးကောက်ပွဲကျင်းပနိုင်မယ့်အခြေအနေလုံး၀မရှိတော့မှာ စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

“ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ရှရှားတွေဘာတွေလည်း သွားပလိုက်ပြီးတော့ တခါတည်း သူ့ကိုသူသိပ်ဟုတ်တယ်လို့ ထင်ကောင်းထင်မယ်လေ။အဲလိုကြောင့် လူရာနည်းနည်းအသွင်းခံရတယ်ဆိုတဲ့အနေအထားမျိုးဆိုတော့ ရွေးကောက်ပွဲကို ဒီကာလမှာ အားတင်တာတော့ မြင်ရတယ်။” လို့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင့်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)အထွေထွေ တွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတ ယ်။

ရခိုင်နိုင်ငံရေးသမား၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း၊ဦးဖေသန်းကလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ထိန်းချုပ်နယ်မြေ တဖြေးဖြေးကျယ်ပြန့်လာနေတာကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ဖုတ်ပူမီးတိုက်လုပ်နေတာလို့ဆိုပါတယ်။

“နောက်နှစ်လောက်ဆိုရင် ၂၀၂၆ ထဲမှာတောင်မှ ဒီလို သူ… မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ တိုင်းပြည်ကလည်း ရွေးကောက်ပွဲလုပ်ဖို့အခြေအနေလုံး၀ပေးတော့မှာမဟုတ်ဘူး။တိုင်းပြည်မှာလည်း သူ့ပါးစပ်က နောက်ထပ်ရွေးကောက်ပွဲဆိုတာမျိုးထွက်လို့မရအောင် တော်လှန်ရေးအင်အားစုတွေက အသာစီးရသွားမယ်။ဒါကြောင့် သူက အချိန်မီ ဖုတ်ပူမီးတိုက်ပေ့ါ။အဓမ္မလုပ်နေတယ်လို့ မြင်ပါတယ်။” လို့ ဦးဖေသန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထပ်ခါတလဲပြောနေတဲ့ အဲဒီရွေးကောက်ပွဲကို အရင်ရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့နိုင်သူအကုန်ယူစနစ်(FPTP) အပြင် အချိုးကျကိုယ်စားပြုစနစ်(PR) နဲ့ပါရောပြီး အသုံးပြုကျင်းပမယ်လို့ဆို ထားပါတယ်။

အဲဒီရွေးကောက်ပွဲမှာ နိုင်ငံနဲ့ကိုက်ညီပြီး မဲမသာမှုပြုလုပ်ဖို့ မလွယ်ကူဘူးလို့ဆိုတဲ့ မဲပေးစက်(Electronic Voting Machine)တွေကိုလည်း အသုံးပြုသွားမယ်လို့ ပြောထားပြီး မဲပေးစက်နဲ့ စမ်းသပ်မဲပေးတာတွေ လုပ်နေတာတွေ့ ရပါတယ်။

စစ်ကောင်စီနဲ့နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ၊စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကလည်း စစ်ကောင်စီကစီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် ကြိုဆိုထောက်ခံကြဖို့ ဝါဒဖြန့်တာတွေ ဆက်တိုက်လုပ်နေတာလည်း တွေ့လာရပါတယ်။

ပြီးခဲ့တဲ့မတ်လတတိယပတ်ကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ပြီး နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်စာချုပ်(NCA)လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲမှာ ပါဝင်လာကြဖို့ ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့ ပြောဆိုတိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

(ဓာတ်ပုံ – ဘူးသီးတောင်မြို့၊လမ်းမကျောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂ ၀ပြည့်နှစ်က တွေ့ရပုံ / BNA)

ဘာကြောင့် ရွေးကောက်ပွဲလုပ်ချင်နေတာလဲ

မြို့ပေါင်းတရာနီးပါးနဲ့ တပ်ရင်း၊ တပ်စခန်းပေါင်းများစွာ သိမ်းပိုက်ခံထားရပြီး နောက်ထပ်မြို့တွေ၊ တိုင်းစစ်ဌာနချုပ်တွေနဲ့တပ်စခန်းတွေ တခုပြီးတခုဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတာဟာ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးစားလာတာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

“နိုင်ငံတကာဥပဒေအရပေါ့။ဂုဏ်သိက္ခာရှိတဲ့အစိုးရတရပ်ဆိုတာ ပြည်သူရွေးချယ်တင်မြောက်မှသာဂုဏ်သိက္ခာရှိတဲ့အစိုးရတရပ်ဖြစ်တယ်လေ။နိုင်ငံတကာဥပဒေနဲ့လည်း အကျုံးဝင်တယ်လေ။ ဆိုတော့ သူတို့ကအာဏာလု။အာဏာသိမ်းထားတယ်။အဲဒီအတွက် သူတို့အနေနဲ့ နိင်ငံတကာကို လူရာဝင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ကျင်းပဖို့ဆိုတဲ့ဟာမျိုး ထွက်ပေါက်ရှာတယ်လို့ပဲ မြင်ပါတယ်။” လို့ ဦးမျိုးကျော်က သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးစီး အောင်မြင်သွားရင်တော့ အတိုင်းအတာတခုထိ တရား၀င်မှုရသွားနိုင်တာမို့ ရွေးကောက်ပွဲမဖြစ်စေရေး ဝိုင်း၀န်းကန့်ကွက်ကြဖို့လိုအပ်တယ်လို့လည်း အကဲခတ်တွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

လက်တွေ့မှာလည်း နိုင်ငံရေးပါတီကြီးတွေကစစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်၊မပူးပေါင်းကြသလို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကလည်းအ တုအယောင်သာဖြစ်လာမယ့် စစ်ကော င်စီရွေးကောက်ပွဲကို ကန့်ကွက်ထားကြတာတွေ့ရပါတယ်။

အဲဒီလို နယ်မြေဆုံးရှုံးမှုကန့်ကွက်မှုတွေရှိနေပေမယ့်လည်း စစ်ကောင်စီအနေနဲ့ကတော့ တခုတည်းသာ သူတို့ထွက်ပေါက်အတွက် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပလာနိုင်တယ်လို့ အကဲ ခတ်တွေက သုံးသပ်ကြပါတယ်။

“ဥပမာဆိုရင် ရခိုင်တပြည်နယ်လုံးကို မဲဆန္ဒနယ်တခုသတ်မှတ်ပစ်လိုက်တယ်။ပြီးရင် စစ်တွေမှာမဲပုံထောင်မယ်။အဲလိုမျိုး စစ်တွေမှာ ထောင်မရရင် ရန်ကုန်မှာ ထောင်မယ်။အဲဒီမှာ ရှိတဲ့သူတွေ လာပေး။တမဲပေးရင်လည်းရွေးကောက်ပွဲဖြစ်တယ်။ဥပဒေမှာလည်း ဘယ်လောက်ပေးရမယ်လို့ မပြောထားတဲ့အတွက်၊ဆယ်မဲပဲရရ၊မဲတရာပဲရရ၊ကိုယ့်မဲကိုယ်ပေးရမယ်ဆိုရင် ရွေးကောက်ပွဲအောင်မြင်တယ်လို့သတ်မှတ်ပြီးသား။” လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

“အဲဒီလိုသတ်မှတ်တဲ့အတွက် အဲဒီရွေးကောက်ပွဲ ဟန်ပြရွေးကောက်ပွဲ၊အဖြစ်သဘောမျိုးနဲ့လုပ်တဲ့ရွေးကောက်ပွဲ၊မတော်မတရား၊ဥာဏ်နီ၊ဥာဏ်နက်နဲ့လုပ်တဲ့ ရွေးကောက်ပွဲအဆင့်ကိုပဲရောက်သွားမယ်။free and fairလည်း ဖြစ်မှာမဟုတ်ဘူး။All Inclusive လည်း ဖြစ်မှာမဟုတ်ဘူး။” လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီရွေးကောက်ပွဲဟာပြီးမြောက်အောင်မြင်နိုင်ခြေအလွန်နည်းပါးပြီး အန္တရာယ်များတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ပြောဆိုမှုဟာ ယုတ္တိမတန်ဘူးလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်သောမတ်စ်အင်ဒရူးက ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့အရေးနဲ့နယ်စပ်လုံခြုံရေးဆွေးနွေးပွဲအခမ်းအနားထဲ ပြောခဲ့ပါတယ်။

အဲဒီလိုရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆို‌တာဟာလည်း စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး အလွန်စိုးရိမ်ဖွယ်မတည်ငြိမ်တဲ့ လက်ရှိအနေအခြေမှာ ပြုလုပ်ရင် အန္တယ်ရယ်များတယ်လို့ သောမတ်စ်အင်ဒရူးက သတိပေးပါတယ်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)ကလည်း စစ်ကောင်စီက ပြောနေတဲ့ ရွေး ကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို တ ရား၀င်စေမယ့် အဓိပ္ပါယ်မဲ့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲက တကယ့်ထွက်ပေါက်လား

စစ်ကောင်စီဟာ ရွေးကောက်ပွဲကို သူတို့နဲ့ နီးစပ်တဲ့၊အနိုင်ရနိုင်ခြေမရှိတဲ့ နိုင်ငံရေးပါတီတွေကိုပဲ ရွေးကောက်ပွဲ၀င်ခွင့်ရစေမယ့် မှတ်ပုံတင်ခွင့်ပြုချက် ချပေးပြီး သူတို့အလိုကျရလဒ်ထွက်အောင်လုပ်ဖို့ စီစဉ်နေတာလို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

“အဲဒီကောင်တွေ ကိုယ့်ဖဲကိုယ်ဆင် ကိုယ့်ဟာကိုယ်ချိုး၊ကိုယ့်ဟာကိုယ် ကိုးကျမယ့်ရွေးကောက်ပွဲမျိုးဖြစ်တဲ့အတွက် ဒီပွဲဟာ အခုရွေးကောက်ပွဲဟာ လုပ်ဇာတ်သဘောမျိုးပဲဖြစ်တယ်။ ဟန်ပြ သဘောမျိုးပဲဖြစ်တယ်။မဲသမာမှုတွေ၊မတရားမှုတွေနဲ့ရွေးကောက်ပွဲတခုလို့ အများကမြင်အောင်ဟန်ပြလုပ်ခြင်းပဲဖြစ်တယ်လို့ ယူဆတယ်။” လို့ ဦးဖေသန်းက ဝေဖန်ပါတယ်။

အဲဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲကို ပဋိပက္ခအကြပ်အတည်းကြားမှ လွန်မြောက်စေမယ့် ထွက်ပေါက်တခုလို့ ယူဆကာ ကျင်းပဖို့ ကြိုး စားနေပေမယ့် လက်တွေ့မှာတော့ ထွက် ပေါက်တခုဖြစ်လာမှာ မဟုတ်ဘဲ ပိုပြီးတော့ ဆူပူလာဖို့ပဲရှိတယ်လို့လည်း ထောက်ပြ‌နေကြပါတယ်။

“အဲဒီရွေးကောက်ပွဲမျိုးဟာ အမှန်တရားနဲ့၊တကယ့်တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့တော်တော်ဝေးတယ်။တော်လှန်ရေးအင်အားစုတွေကိုလည်း ရပ်တန့်အောင်လုပ်နိင်မှာမဟုတ်ဘူး။တိုင်းပြည်ဟာပိုပြီးတော့ ဆူပူလာဖို့ပဲမြင်တယ်။” လို့ ပါတီခေါင်းဆောင်တဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ အရင်တည်ဆဲနိုင်ငံ‌ရေးပါတီတွေအားလုံးကို ပြန်လည်မှတ်ပုံတင်ရမယ့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ရေးဆွဲထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီတွေရဲ့ မှတ်ပုံတင်ကြေး လိုအပ်တဲ့ပါတီ၀င်အရေအတွက်တို့ကိုလည်း အဆများစွာ တိုးမြင့်ခဲ့ပါတယ်။

အဲဒီအပြင် အင်အားကြီးပါတီတွေဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီကို နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ကာ ရခိုင်အမျိုးသားပါတီ(ANP) လို အင်အားကြီးပါတီတွေကိုလည်း မှတ်ပုံတင်ခွင့်ပြုချက်ချမပေးခဲ့ပါဘူး။

စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုပေးထားတဲ့ ပါတီတွေကို ကြည့်ပြန်ရင်လ ည်း စစ်ကောင်စီနဲ့နီးစပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (SNDP)၊ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ANP ဥက္ကဌဟောင်းဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ(PP)နဲ့အရင်ရွေးကောက်ပွဲတွေတုန်းက တနေရာမျှ အနိုင်မရဖူးတဲ့ ပါတီငယ်တွေပဲ အများစု တွေ့ရပါတယ်။

(ဓာတ်ပုံ – ၂၀၂၀ပြည့်နှစ်၊ ရွေးကောက်ပွဲကာလ အမ်းမြို့နယ်၊မြို့နယ်ရွေး ကောက်ပွဲကောက်မရှင်ရုံး / BNA)

အဲဒီပါတီတွေဟာ စစ်ကောင်စီအလိုကျ လိုက်လုပ်ပေးရမယ့် ပါတီတွေဖြစ်တာကြောင့် ပြည်သူကို သစ္စာဖောက်တဲ့ပါတီတွေဖြစ်တယ်လို့ ALDပါတီ အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်က ဝေ ဖန်ပါတယ်။

“ပြည်သူကို သစ္စာဖောက်တာပဲဖြစ်တယ်။အထူးသဖြင့်တော့ နိုင်ငံရေးသမားလို့ ခံယူတဲ့လူတွေကို ပြောရမယ်။တချို့ကတော့ နေရာရတယ်။ပေးတယ်ဆိုတော့ တမျိုး၊နိုင်ငံရေးသမားတွေကတော့ ပြည်သူကို မျက်နှာပြုရမယ်။ခုတော့ ဒီလူတွေက ပြည်သူကိုလုံး၀ဆန့်ကျင်တယ်။ပြည်သူ့သစ္စာဖောက်ဖြစ်တယ်။” လို့ ဦးမျိုးကျော်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိင်ငံရေးက နှုတ်ထွက်ဖို့သာ ရွေးစရာရှိတော့တယ်

စစ်ကောင်စီအ‌နေနဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့မယ်ဆိုရင်လည်း ထွက်ပေါက်အနေနဲ့အသုံးချနိုင်မယ့်အခြေအနေမရှိတော့တာကြောင့် နိုင်ငံရေးကနေ အပြီးတိုင်နှုတ်ထွက်ပြီး ဆွေးနွေးပွဲတွေဆီ ဦးတည်ဖို့သာ ကြိုးစားသင့်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

“တကယ်တမ်းစစ်ကောင်စီဖက်ကလုပ်သင့်တာက ဒီအချိန်မှာ တိုက်ပွဲတွေကို ရပ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်သင့်တယ်။” လို့ ‌ဦးဖေသန်းက ပြောပါတယ်။

အဲဒီလိုဆွေးနွေးတဲ့အခါမှာလည်း အခြေခံဥပဒေကို ကိုင်စွဲပြီး ဘာမှပြောဆို၊ဆွေးနွေးလို့မရအောင်လုပ်ဖို့ထက် ပြည်သူလူထုရဲ့လိုလားဆန္ဒကိုရအောင် လုပ်သင့်တယ်လို့ ဆိုပါတယ်။

“ဖယ်ဒရယ်စနစ်ပဲဆိုဆို ကွန်ဖယ်ဒရိတ်စနစ်ပဲဆိုဆို လွတ်လွတ်လပ်လပ်နဲ့ကိုယ့်ဒေသကိုယ် ဇောင်းပေးပြီး အုပ်ချုပ်လို့ရအောင်လုပ်သင့်တယ်။” လို့ ဦးဖေသန်းက ပြောပါတယ်။

ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးမျိုးကျော်ကလည်း စစ်တပ်က နိုင်ငံရေးအခန်းကဏ္ဍမှာ ရှိနေသရွေ့ တိုက်ပြည်ပျက်နေအုံးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အာဏာရှင်ကိုဖြိုချပစ်ရမယ်လေ။အမြစ်ကနေ ဖြုတ်ပြီးနှင်ထုတ်ပစ်လိုက်ရမယ်။” လို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင်ကြိုးစားနေတဲ့ ရွေးကောက်ပွဲဟာ ဖြစ်လာနိုင်ခြေအလွန်နည်းပါးပြီး ဖြစ်လာခဲ့ရင်လည်း တော်လှန်တိုက်ခိုက်မှုတွေနဲ့ပဋိက္ခတွေ ထပ်တိုးလားပြီး နိုင်ငံဟာလည်း ဆူပူမှုတွေနဲ့အ လုံးစုံပျက်သုဉ်းတဲ့ failed state(ကျရှုံးနိုင်ငံ)ဖြစ်သွားနိုင်တယ်လို့ အကဲခတ်တွေ ထောက်ပြကြပါတယ်။

အဲဒါကြောင့် စစ်အုပ်စုအနေနဲ့တခုတည်းသောလုပ်ရမယ့်နည်းက နိုင်ငံရေးကနေ လုံး၀ထွက်ပေးဖို့သာ ရှိတော့တယ်လို့ ဆိုကြပါတယ်။

“တပ်ဟာ နိုင်ငံရေးလောကထဲက လုံး၀ထွက်ဖို့ဆိုတဲ့ပုံစံမျိုးကတိပေးပြီး လုပ်လာရင်တော့ တော်လှန်ရေးအင်အားစုတွေက စိတ်ပါဝင်စားကောင်း၊စိတ်ပါဝင်စားနိုင်တယ်။အဲဒီလိုမဟုတ်ရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာလည်း အောင်မြင်မှာမဟုတ်ဘူး။” လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

နိုင်ငံရေးထွက်ပေါက်အဖြစ်ယူဆကာ အသည်းအသန်ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်လာမလား။တိုင်းပြည်အခြေအနေဘယ်လိုရှိလာမလဲဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။

“(ရွေးကောက်ပွဲဟာ)ရယ်စရာပြောရရင်တော့ သေဖို့ပြင်နေတဲ့လူနာကို အသက်ကယ်ဆေးထိုးပြီးတော့ အချိန်မီကောင်းမှုကုသိုလ်တခု အများမြင်အောင်လုပ်ပြခဲ့ချင်တဲ့သဘောလို့ပဲ မှတ်ချက်ပြုချင်ပါတယ်။” လို့ ဦးဖေသန်းက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်တွေနေထိုင်ရာ နေပြည်တော်အပါအဝင် ဒေသခြောက်ခုမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး လူပေါင်းထောင်နဲ့ချီသေဆုံးသွားခဲ့ပါတယ်။

အဲဒီငလျင်ဒဏ်ကြောင့် အရပ်သားပြည်သူသိန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြသလို ပျောက်ဆုံးနေကြသူတွေ၊ထိခိုက်ဒဏ်ရာရ၊မသန်စွမ်းဖြစ်သွားကြသူတွေလည်း အများအပြားရှိနေပါတယ်။

အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နဲ့နေပြည်တော်ကောင်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အ မျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိကျင်းပပြုလုပ်နေ့တဲ့ဘင်္ဂလားပင်လယ်အော်စီးပွားရေးနဲ့နည်းပညာဆိုင်ရာဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (ဘင်းမ်စတက်)
အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငလျင်လှုပ်ခဲ့ပေမယ့် ရွေးကောက်ပွဲအပြောင်းအလဲဖြစ်စရာမရှိဘူးလို့ဆိုထားပါတယ်။

အဲဒီအပြင်အာဏာသိမ်းစစ်တပ်က ဧပြီ လ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ သုံးပတ်ကြာယာယီပစ်ခတ်တိုက်ခိုက်မှုတွေရပ်ထားမယ်လို့ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်က ဆက်လက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်က အတင်းအဓမ္မအဖြစ်သဘောရွေးကောက်ပွဲကျင်းပပြုလုပ်မှာသေချာနေသလို လက်နက်ကိုင်ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေမှာသေချာနေတယ်လို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောကြပါတယ်။

PrevPreviousတောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ
Nextမန္တလေးမှာ မိုးရွာနေလို ပြည်သူတွေ နေစရာအခက်အခဲဖြစ်Next
Previous Post

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Next Post

မန္တလေးမှာ မိုးရွာနေလို ပြည်သူတွေ နေစရာအခက်အခဲဖြစ်

Comments 1

  1. Dizaynersk_nfEr says:
    6 months ago

    Топовые тренды в дизайне мебели премиум-класса.
    Мебель премиум [url=https://byfurniture.by]https://byfurniture.by[/url] .

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page