Border News Agency
မန္တလေး၊ စက်တင်ဘာ ၁၀။
သပိတ်ကျင်းမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းနဲ့ ကျောင်းဆောင်တွေပျက်စီးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ ၉ ရက်၊နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်းကျောင်းရှိ အဆောင်တွေဆိုးဆိုးရွားရွားပျက်စီးသွားပေမယ့် အရပ်သားထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြည်သူပိုင်နေအိမ်တွေ၊ဆေးရုံတွေနဲ့စာသင်ကျောင်းတွေကိုပစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။