Border News Agency
လောက်ကိုင်၊ စက်တင်ဘာ ၁၆။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ မှာ အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးရေးတွေပြုလုပ်ပေးနေတယ်လို့ စက်တင်ဘာလ ၁၆ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
လောက်ကိုင်မြို့မှာ ပြီးခဲ့တဲ့လကဝက်တွေဖျားနာသေဆုံးမှုတွေဖြစ်ပွားခဲ့တာကြောင့် အထူးဒေသကျန်းမာရေးဌာနမှ သွားရောက်စစ်ဆေးချက်တွေအရအာဖရိကဝက်အပြင်းဖျားရောဂါအဖြစ်အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီရောဂါကူးစက်ပြန့်ပွားမှုကိုအလေး ထားကာကွယ်ဖို့နဲ့ ထိထိရောက်ရောက်ထိန်းချုပ်နိုင်ဖို့အတွက်စက်တင်ဘာလ၁၅ ရက်နေ့က ကျန်းမာရေးဌာနမှ လောက်ကိုင်မြို့ရှိပြည်သူတွေကို အရေးပေါ်ကာကွယ်ထိန်းချုပ်ဖို့နည်းလမ်းတွေနဲ့ အသိပညာပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီရောဂါကို ကာကွယ်ထိန်းချုပ်ရေးဟာ ဝက်မွေးမြူရေးခြံတွေတင်းကျပ်ခိုင်မာတာ(bio-security measures) တွေကို စနစ်တကျအကောင်အထည် ဖော်ဆောင်ရွက်တာ၊နေ့စဉ်သန့်ရှင်းရေးနဲ့ပိုးသတ်တဲ့လုပ်ငန်းတွေကို လုပ်ဖို့လို အပ်တယ်လို့ဆိုပါတယ်။
ဒါကြောင့်ဝက်မွေးမြူသူတွေအနေနဲ့ဝက်ခြံပတ်ဝန်းကျင်၊မွေးမြူရေးဆိုင် ရာကိရိယာတွေကိုမှန်မှန်ကန်ကန်စနစ် တကျဆေးကြောသန့်စင်ပိုးသတ်ဖို့၊ လေဝင်လေထွက်ကောင်းမွန်ကာအလ င်းရောင်ပြည့်ဝတဲ့စံနှုန်းတွေနဲ့ကိုက်ညီပြီးတည်ဆောက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။