Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ဒေသခံတောင်သူတွေဟာဆောင်းသီးနှံတွေစတင်စိုက်ပျိုးနေကြပါတယ်။
ဒါပေမယ့် မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ စိုက်ပျိုးနည်းစနစ်တွေအပါအဝင်လိုအပ်ချက်တွေအများကြီးရှိနေကြတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးအားလုံးအပါအဝင် ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားပါတယ်။
အဲဒါကြောင့် အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းတွေရှားပါးစျေးကြီးတာတွေဖြစ်ခဲ့တာမို့ ဒေသခံတွေဟာ ဒေသထွက်ကုန်တွေကိုသာပိုမိုအလေးထားလာကြပါတယ်။
ဒေသခံတောင်သူတွေကတော့ လာမယ့်ဆောင်းရာသီအတွက် ငရုတ်ပင်တွေကိုစတင်စိုက်ပျိုးနေကြပေမယ့်အကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။