Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၂ ။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းတောရွာပျူစောထီးကင်းစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အောက်တိုဘာလ ၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီး ခြောက်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကန့်ဘလူမြို့နယ်ထန်းကုန်းနဲ့ ဒန်းပင်ရွာကြားရှိ အုန်းတောရွာပျူစောထီးကင်းစခန်းကို အောက်တိုဘာလ ၁ ရက်၊ မနေ့ ည ၁၀ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီး ခြောက်ဦး အရှင်ဖမ်းမိခဲ့သလို G3 အမျိုးအစားသေနတ်သုံးလက်၊ ကာဘိုင်အမျိုးအစားသေနတ်နှစ်လက်၊ ပြောင်းချောသေနတ်နှစ်လက်နဲ့ ခဲယမ်းပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစခန်းကို ကန့်ဘလူခရိုင်ပကဖလှုပ်ရှားရေးတပ်ရင်း၊ကန့်ဘလူခရိုင်အမှတ် ၃ PDF တပ်ရင်းနဲ့ နယ်မြေခံပကဖတွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။