Border News Agency
လောက်ကိုင်၊ အောက်တိုဘာ ၁၀။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်နယ်မြေ၊ အထူးဒေသ ၁ သိန္နီခရိုင်မှာ တော်လှန်ရေးပညာပေးလှုပ်ရှားမှု သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အောက်တို ဘာလ ၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသားအားလုံးကို ခေါ်ဆောင်ကာ( HongYan Revolutionary Martyrs Cemettery )နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာအချို့သို့ တော်လှန်ရေးသမိုင်းကြောင်း ပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်ပေးခဲ့တာလို့ဆိုပါတယ်။
အဲဒီအသိပညာပေးလှုပ်ရှားမှုဟာ ၆ ရက်ကြာမြင့်ခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။
အထူးဒေသ ၁ ရဲ့ တော်လှန်ရေးသမိုင်းကို နက်ရှိုင်းစွာနားလည်သဘောပေါက်စေဖို့နဲ့ ရဲရဲနီတဲ့တော်လှန်ရေးစိတ်ဓာတ်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး မြှင့်တင်နိုင်ဖို့အတွက် MNDAA စစ်ဦးစီးအဖွဲ့အပတ်စဉ် ၆ သင်တန်းဆင်းတွေမှ ယာယီဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအဖွဲ့မှာ MNDAA စစ်ဦးစီးဌာနရဲ့ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနမှူး Mr.Zi Guo Jun မှ အဓိကတာဝန်ယူပြီး ဒုတိယတပ်မှူး Mr. Zhang De Chun နဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအရာရှိတွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။