Border News Agency
ပခုက္ကူ၊ အောက်တိုဘာ ၁၂။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်းတပ်ဆင်ပွဲပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာလ ၁၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းအနေနဲ့ တိုက်ခိုက်ရေးအင်အားစုအတွက် နောက်ထပ်တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဆေးဘက်ဆိုင်ရာ၊ ဆက်သွယ်ရေးနဲ့ ရုံးလုပ်ငန်းတွေအပါအဝင် တခြားဌာနတွေအတွက်လည်း တပ်သားသစ်တွေကို ခေါ်ယူနေတယ်လို့ ဆိုပါတယ်။