Border News Agency
မူးမြို့၊ ဇူလိုင် ၂၇။
မူးမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင်လ ၂၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုး သားအစည်းအရုံးမှ ဇူလိုင်လ ၂၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးမြို့နယ်၊ရင်းတိုက်ကုန်းကျေးရွာနဲ့လည်ပတ်ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်၊တပ်ရင်း ၉ နဲ့ ၈ ဦးဆောင်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစွည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်ငါးဦးကျော်သေဆုံးပြီးနှစ်ဆယ်ကျော်ဒဏ်ရာရသွားသလို တချို့လည်းစခန်းစွန့်ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့သလို ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ပိတ်မိနေတဲ့စစ်ကောင်စီတပ်မိသားစုဝင်တွေကိုလည်း ဘေးလွတ်ရာကိုပို့ပေးခဲ့တယ်လို့ဆိုပါတယ်။