Border News Agency
မိုင်းလုံ၊ သြဂုတ်လ ၃၀ ။
မိုင်းလုံမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သီလရှင်တပါး၊အမျိုးသမီးတဦးသေဆုံးခဲ့ပြီး သံ ဃာတော်နှစ်ပါး၊သာမဏေသုံးပါး၊အ မျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်မှ သြဂုတ်လ ၃၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုင်းလုံမြို့၊ပန်သပြေကျေးရွာကို ပေါင် ၂၅၀ ဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သီလ ရှင်၊သံဃာတော်၊ပြည်သူလူထုတွေသေ ဆုံးဒဏ်ရာရခဲ့ပြီး နေအိမ်လေးအိမ်၊ကျောင်းဆောင်ငါးဆောင်၊ဓမ္မာရုံတရုံပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်ကို သြဂုတ်လ ၂၆ ရက်နေ့ကလည်း လေကြောင်းမှပေါင် ၂၅၀ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့လို့ အရပ်သားတဦးဒဏ်ရာရပြီး နေအိမ်ငါးအိမ်ပျက်စီးသွားခဲ့ပါတယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။