Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း အင်တာဗျူး

“ဒီမူဟာ ကျွန်တော်တို့ ရခိုင်တမျိုးသားလုံးပိုင်တဲ့ဘုံသဘောထားဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ဒီမူဘုံသဘောထားရပ်တည်ချက်တခုကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ ဒီဖွဲ့စည်းပုံကို ရေးဆွဲရတာဖြစ်တယ်”

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မဲဆောက်၊ စက်တင်ဘာ ၉။

ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာညှိ နှိုင်းရေးဆွဲရေးအဖွဲ့(ANPCC)မှရေးဆွဲ ထားတဲ့ ”ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံအခြေခံဥပဒေ” နဲ့ပတ်သတ်ပြီးဆွေးနွေးရှ င်းလင်းပွဲကို စက်တင်ဘာလ ၇ရက်နေ့က ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးရှင်းလင်းပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံအ​ခြေခံဥပဒေရေးဆွဲရတဲ့ရည်ရွယ်ချက်၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပါဝင်မှုရှိ၊ မရှိ၊ အာရက္ခပြည်သူလူထုလက်ခံမှုအခြေအနေတွေကို Border News Agency ကတွေ့ဆုံမေးမြန်းထားပါတယ်။

အဲဒီရခိုင်အမျိုးသားအဆင့်မူဝါဒရေး ရာညှိနှိုင်းရေးဆွဲရေးအဖွဲ့(ANPCC)မှ ညှိနှိုင်းရေးမှူးဦးခင်မောင်ထွန်းက အသေးစိတ်ရှင်းပြထားပါတယ်။

မင်္ဂလာပါ

“ဆွေးနွေးပွဲပြုလုပ်ရတဲ့ရွယ်ရည်ချက်ကတော့ ကျွန်တော်တို့ ANPCC ပေါ့နော်။ANPCC က ရခိုင်ပြည်ထောင်ဖွဲ့စ ည်းပုံမူကြမ်းကို ထုတ်ထားပြီ။ရခိုင်တမျိုးသားလုံးရဲ့ဘုံသဘောထားရပ်တ ည်ချက်တခု၊အသံအနေနဲ့ရပ်တည်ချ က်တခုအနေနဲ့ထုတ်ထားတာဖြစ်တယ်။”

“ဒါကို ကျွန်တော်တို့ဟာ ရခိုင်ပြည်သူ လူထုကို ချပြမယ့်အခွင့်အရေးလည်းမရှိခဲ့ဘူးပေါ့နော်။ ရေးဆွဲပြီးတဲ့အချိန်တိုင်းမှာ။ ဘာကြောင့်ရေးဆွဲပြီးတဲ့အချိန်တိုင်းလို့ပြောရလည်းဆိုတော့ ရေးဆွဲပြီးတဲ့အချိန်ကာလမှာ ကျွန်တော်တို့ဟာ ဒီလက်ရှိနိုင်ငံရေးအခြေနေအရဖြစ်သွားတယ်။”

“အဲဒါကြောင့် ရခိုင်ပြည်သူတွေကို ကျွန် တော်တို့မချပြရသေးဘူး။ဒါပေမယ့် ဒီခုလက်ရှိအခြေနေမှာ တော်လှန်ရေးအင်အားစုတွေအများကြီးရှိတယ်ပေါ့နော်။နွေဦးတော်လှန်ရေးနဲ့ဗဟိုတော် လှန်ရေးအင်အားစုတွေဟာ ဒီဖက်ရယ်ယူနစ်တို့၊ ပြည်နယ်နဲ့တိုင်းဒေသတွေကို အခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အခြေ အနေမှာ ကျွန်တော်တို့လည်း ဒီဖက်ဒ ရယ်ပြည်ထောင်စုမှာ ဘယ်လိုသွားရမလဲဆိုတဲ့ဟာမျိုးကို ဒီအဝိုင်းအဝန်တွေကြားထဲမှာ သိရှိအောင်လို့ ကျွန်တော်တို့တင်ပြရခြင်းဖြစ်တယ်ပေါ့နော်။”

“ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရတဲ့ရွ ယ်ရည်ချက်ကတော့ ကျွန်တော်တို့ ၂၀၁၈ ကာလပေါ့နော်။ အဲဒီအချိန်မှာစခဲ့တာပါ။ ကျွန်တော်တို့ ဘာကြောင့်စခဲ့ရလည်းဆိုတော့… ရခိုင်မှာ အဲဒီကာလတုန်းက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်ရှိတယ်။ အဲဒီငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့ ရခိုင်ဟာ ဒီငြိမ်းချမ်းရေးဖြစ် စဉ်ထဲမှာပါဝင်ခဲ့တဲ့ ကဏ္ဍနှစ်ရပ်ရှိတယ်ပေါ့နော်။ တရပ်က လက်နက်ကိုင် အင်အားစုဖြစ်တဲ့ ရခိုင်လွပ်မြောက်ရေးပါတီရှိတယ်။ နောက်တရပ်ကနေပြီးတော့ ရခိုင်အမျိုးသားပါတီရှိတယ်ပေါ့နော်။ အဲ့ဒီပါတီနှစ်ရပ်ဟာ ငြိမ်းချမ်းရေးဖြစ် စဉ်ထဲမှာပါဝင်ခဲ့တယ်။ သို့သော် ကျွန်တော်တို့ရခိုင်တွေရဲ့ တသွေးတသံတည်း ထွက်နိုင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ အသံမရှိခဲ့ဘူးပေါ့နော်။ သဘောထားအမြင်မရှိခဲ့ဘူး။ မရှိခဲ့တဲ့ခါကျတော့ ဒီဟာကြီးကို ကျွန်တော်တို့က ဘယ်လိုစုစည်းမလဲ ရခိုင်တမျိုးသားလုံးအတွက် ဘုံသဘောထား ထားမလဲဆိုတဲ့ အခြေပေါ်ကို ဖြစ်အောင်လို့ ဒီဟာကြီးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်ဖြစ်အောင် ကျွန်တော်တို့ ရေးဆွဲရတာဖြစ်တယ်။ လုပ်ကိုင်ရတာဖြစ်တယ်။”

“ဖွဲ့စည်းပုံရေးဆွဲပြီးပြီလားဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးပါပြီ။ ကျွန်တော်တို့ လက်ရှိမှာ ကျွန်တော်တို့ ရေးဆွဲပြီးပြီ ကျွန်တော်တို့စာအုပ်ထုတ်မယ်။ ကျွန်တော်တို့ Application ထုတ်မယ်။ နောက်တခုက ကျွန်တော်တို့ ဒီဟာကို PDF အဖြစ်ထုတ်ပြီး ကျွန်တာ်တို့ ဖြန့်ဝေမှာပေါ့နော်။ ဖြန့်ဝေတဲ့ အပိုင်းပဲကျန်ပါတော့တယ်။ ဒီဟာကြီးကို Press လုပ်ဖို့ အခန်းပဲကျန်ပါတော့တယ်။”

“ရခိုင်ပြည်သူလူထုကို တရားဝင်ချပြတာတော့မရှိသေးဘူး။ ဘာလို့ဆို ဖွဲစည်းပုံရေးဆွဲပြီးတဲ့ကာလမှာ နိုင်ငံရေးအပြောင်းအလဲရှိတာပေါ့နော်။ လက်ရှိမှာ စစ်အာဏာသိမ်းတယ်။ နောက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတဲ့အချိန်ကာလနဲ့တိုက်ဆိုင်နေတဲ့အခါကျတော့ ကျွန်တော်တို့ဒါကို တရားဝင်ချပြတာတော့မရှိသေးပါဘူး။”

“ULA/AA မပါဝင်ဘူးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ ဖွဲ့စည်းပုံစတင်ရေး ဆွဲတဲ့အချိန်ကာလမှာ ကျွန်တော်တို့ ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ ခုဏကပြောခဲ့သလိုပဲ ရခိုင်ပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီအင်အားစုတွေ၊အရပ်ဖက်လူမှုအ ဖွဲ့အစည်းအင်အားစုတွေ၊တော်တော်များများဌာနေတိုင်းရင်းသားအကုန် လုံးကို ဖိတ်ခေါ်ခဲ့တယ်။သို့သော် တချို့အကြောင်းကြောင်းကြောင့် မလာနိုင်ခဲ့ဘူး။တချို့ကဆို မအားလပ်ဘူးဆိုတဲ့ အကြောင်းပြချက်ပဲရှိတယ်။ ULA/AA ကိုယ်တိုင်ကလည်း အဲဒီအချိန်မှာ တိုက် ပွဲဖော်နေရတဲ့အခြေအနေတိုက်ဆိုင်နေတဲ့အခါကျတော့ သူတို့မအားလပ်လို့ မလာတာပဲရှိမယ်။”

“ဒါပေမယ့်ကျွန်တော်တို့က အကြိမ်ကြိ မ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။နောက်ပြီးတော့ ပြောမယ်ဆို ကျွန် တော်တို့ထဲမှာဆို ANPCC ထဲမှာ ULA ကို သီးခြားဆက်ဆံမယ့် ကော်မတီတရပ်ဖွဲ့ပြီးတော့ အဲဒီကိုယ်စားလှယ်တွေနဲ့လည်းကျွန်တော်တို့ ဒီထဲမှာပါဝင်နိုင်ဖို့အတွ က် ကော်မတီတရပ်ဖွဲ့ပြီးဆောင် ရွက်ခဲ့တာလည်းရှိပါတယ်။ သူတို့ကတော့မအားလပ်လို့ မပါဝင်နိုင်အခြေနေသိရတယ်။အဲဒီသဘောမျိုးရှိပါတယ်။”

“ဒီဖွဲ့စည်းပုံကတော့လက်ရှိကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုသွားမယ်ဆိုတဲ့ အခြေခံမူတွေကိုပဲ မူ တည်ထားတယ်။ဒါပေမယ့် ရခိုင်ပြည် သူလူထုကဘာကိုလိုအပ်သလဲဆိုတာ ကျွန်တော်တို့ အဲဒီအပေါ်မှာပဲ မူတည်လိမ့်မယ်။ရခိုင်ပြည်သူလူထုလိုအပ်တဲ့ အချက်အလက်နဲ့ကိုက်ညီရင်တော့ ဒီဖွဲ့စည်းပုံဟာကျွန်တော်တို့အတွက် ရခိုင်ပြည်သူလူထုအတွက် အသုံးကျတဲ့ ဖွဲ့ စည်းပုံဖြစ်တော့မှာပေါ့နော်။ဒါကြီးကို ကျွန်တော်တို့ ရခိုင်ပြည်သူလူထုကို မချပြရသေးတဲ့အပိုင်းပဲရှိတယ်။ဒါကို ရခိုင်ပြည်သူထုကိုချပြပြီးတဲ့နောက်ပိုင်းမှာ သူတို့ဆီကတုန့်ပြန်မှုက ဘာတွေဖြစ်မလဲဆိုတဲ့အပိုင်းလည်းရှိပါသေးတယ်လို့အဲဒါကိုပဲ ပြောချင်ပါတယ်။”

“ULA/AA လက်မခံဘူးဆိုတာထက် ကျွန်တော်တို့က ရခိုင်ပြည်သူလူထု လက်ခံဖို့အရေးကြီးတယ်။ ရခိုင်ပြည်သူ လူထုဟာ တက်လာတဲ့အစိုးရအပေါ်မှာ သူတို့လုပ်ရမှာကိုး။ တက်လာတဲ့အစိုးရရဲ့အုပ်ချုပ်တဲ့အပိုင်ရှိမှာပေါ့။ အဲဒီအပိုင်းမှာဖွဲ့စည်းပုံလိုတာပေါ့နော်။အဲဒီဖွဲ့စည်းပုံအပေါ်မှာ သူတို့လက်ခံနိုင်တဲ့အပို င်းရှိရမယ်။အဲဒီအပိုင်းပေါ်မှာပဲမူတည်တယ်။ဘာလိုဆိုရင် ကျွန်တော်တို့ ဖွဲ့စ ည်းပုံရေးဆွဲတာကတော့မှန်တယ်။သို့သော်ပြည်သူက လက်မခံဘူးဆိုရင် တပိုင်းပေါ့။ကိုယ်နဲ့ ဘယ်လိုတန်မယ့်အစိုးရကိုရွေးမလဲပြည်သူလူထုက အဲဒီအပိုင်ပဲ ရှိတယ်။ကိုယ်နဲ့တန်တဲ့အစိုးရကိုပြည်သူလူထုက ရကြရမှာ။ ပြည်သူ လူထုက ဘာကိုရွေးမလဲ။ရွေးတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ကျွန်တော်တို့ဆွေးနွေးချင်ပါတယ်။”

“ပြည်သူလူထုက လက်မခံရင်တော့ ကျွန်တော်တို့ဖွဲ့စည်းပုံက ဒီအတိုင်းပဲ ရှိနေမှာပေါ့။ပြည်သူလူထုလက်ခံရင်တော့ ကျွန်တော်တို့ဖွဲ့စည်းပုံက ဆက်ပြီးလှုပ်ရှားပြီး အသက်ဝင်လာမှာပေါ့။ဒီဖွဲ့စည်းပုံရေးဆွဲရတဲ့ရွယ်ရည်ချက်မှာ ဒါကြီးဟာတရားသေတော့မဟုတ်သေးဘူး။ဒီအပေါ်မှာပဲ ပြင်ဆင်ဖြည့်စွက်လို့ဆွေးနွေးလို့ရသေးတယ်။”

“ဒါကြီးဟာ ရှေ့ဆက်ရမယ် ရခိုင်လူထုအတွက် ရှေ့ဆက်ရမယ့် ပထမဆုံးဖွဲ့စ ည်းပုံဖြစ်တယ်ပေါ့နော်။အနာဂတ်အ တွက်လှမ်းရမယ့် အနာဂတ်တခု ကိုယ့်ဟာကိုယ် အနာဂတ်ကို ရှေ့ ဆက်လျှောက်လှမ်းရမယ့်ဖွဲ့စည်းပုံဖြစ်တယ်ပေါ့နော်။ရှေ့ဆက်ရမယ်ဆိုတာထက်။ဖွဲ့စည်းပုံရဲ့အစဖြစ်တယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ပြည်သူလူထုက ထပ်ပြီးတော့ပူပေါင်းပါဝင်လာမယ့်အပိုင်းတွေရှိမှာပေါ့နော်။ပြည်သူ့ကိုယ်စား လှယ်တွေပေါ့။ပြည်သူကိုယ်စားလှည်တွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊နိုင် ငံရေးအစုအဖွဲ့တွေ တော်လှန်ရေးအဖွဲ့စည်းတွေ၊အဲဒါတွေပါဝင်လာရင်တော့ သူတို့လက်ခံနိုင်တဲ့အခြေနေတခုရော က်သွားရင်တော့ မပြောနိုင်ဘူးပေါ့။အဲ ဒီအခါကျရင် ဖွဲ့စည်းပုံက အတည်ဖြစ်သွားရင်ဖြစ်သွားနိုင်ပါတယ်။ပြည်သူ လူထုအကြိုက်ဖြစ်သွားနိုင်တယ်။”

“ကျွန်တော်တို့သိသလောက်တော့ရခိုင်ပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ULA/AA ကတော့ ဘယ်ဖွဲ့စည်းပုံနဲ့အုပ်ချုပ်နေလည်းဆိုတာတော့ ကျွန်တော်တို့မသိသေးဘူးပေါ့နော်။ကျွန်တော်တို့ဆီကိုပဲမရောက်တာလား။သူတို့ဆီမှာပဲ ထုတ်ပြန်ထားသလားဆိုတာကျွန်တော်တို့ မသိဘူး။ကျွန်တော်တို့တော့ လောလောဆည်မှာမသိသေးဘူး။ဘာဖွဲ့စည်းပုံနဲ့ အုပ်ချုပ်နေလဲဆိုတာတော့။သူတို့မှာတော့ အုပ်ချုပ်ရေးတွေရှိတယ်။တရား စီရင်ရေးတွေရှိတယ်။DELPS ဆိုတဲ့ ရဲ တပ်ဖွဲ့တောင်ရှိတယ်လို့ဆိုတယ်။ နော က်ပြီးတော့ မီးသတ်တို့ဘာတို့ကအစ ဒါပေမယ့် ဖွဲ့စည်းပုံဘာလဲဆိုတာကတော့ ကျွန်တော်တို့မကြားမိသေးဘူး။”

“ဒီဖွဲ့စည်းပုံဟာ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည် ဆောက်ဖို့အတွက် ပြည်ထောင်ထဲမှာ ရှိနေတဲ့အသိုင်းအဝိုင်းတွေနဲ့ရှေ့ဆက်သွားနိုင်ဖို့ရယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်နိုင်ဖို့ရယ်ပေါ့နော်။ အဲဒီအပိုင်ဖြစ်တယ်။ နောက်တခုက ဒီဖွဲ့စည်းပုံထဲမှာပါတဲ့အပိုင်းထဲမှာ ဌာနေတိုင်းရင်းသားတွေအခွင့်အရေးတွေရှိတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့အခွ င့်အရေးကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းချပြထားတာရှိတယ်။ ဌာနေတိုင်း ရင်းသားတွေကို အခွင့်အရေးအများကြီးပေးထားတယ်။လွှတ်တော်နေရာမှာ လည်းကောင်း လွှတ်တော်ရဲ့အကြီးအ မှူးနေရမှာသော်လည်းကောင်း အဲဒီလိုမျိုးအခွင့်အရေးတွေပေးထားတယ်။ဒါပေမယ့်အုပ်ချုပ်ရေးပိုင်မှာကျတော့ ဒါ က ကျွန်တော်တို့က ဒီမိုကရေစီစံနဲ့ရွေး ကောက်ခံအစိုးရရှိနေတဲ့အခါကျတော့ ဒါက ရွေးကောက်တဲ့အပေါ်မှာမူတည်တဲ့အတွက် အဲဒါတော့မရှိဘူး။အုပ်ချုပ်ရေးအဖွဲ့တွေမှာတော့ ကျွန်တော်တို့ ဌာ နေတိုင်းရင်းသားဝန်ကြီးတယောက်ကို ပေးထားတာတော့ရှိပါတယ်။ပြီးရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲအနေနဲ့လည်းပေးထားတယ်။အဲ့လိုမျိုးရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ကဏ္ဍစုံအတွက်ကိုအကုန်လုံး အခြေခံမူတွေအများကြီးချပေးတယ်။အခြေခံမူတွေရှိတယ်။နောက်ပြီးတော့ အဲဒီအခြေခံမူတွေက ကျွန်တော်တို့ရဲ့ အနာဂတ်မှာ ရခိုင်ပြည်ထောင်သားတွေအရေးကို အဓိကအခြေခံပြီးလုပ်ထားတာရှိတ ယ်။ဒီမူဟာ ကျွန်တော်တို့ ANCPP အဖွဲ့အစည်းပိုင်တဲ့မူမဟုတ်ဘူး။ဒီမူဟာ ကျွန်တော်တို့ ရခိုင်တမျိုးသားလုံးပိုင်တဲ့ဘုံသဘောထားဖြစ်တယ်။အဲဒါအ တွက်ကြောင့် ကျွန်တော်တို့ဟာ ဒီမူဘုံသဘောထားရပ်တည်ချက်တခုကို ခိုင်ခိုင်မာမာချမှတ်နိုင်ဖို့ ဒီဖွဲ့စည်းပုံကို ရေး ဆွဲရတာဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားချင်ပါတယ်။”

ကျေးဇူးတင်ပါတယ်။

PrevPreviousကျောက်ဖြူမှာ စစ်ဘေးရှောင်နှစ်ဦးကို စစ်ကော်မရှင်တပ်ဖမ်းဆီး
Nextကျောက်မဲမှာစစ်ကော်မရှင်တပ်ပစ်ခတ်တိုက်လိုက်လို့ အရပ်သား ၈၆၀၀ နေရပ်စွန့်ခွာတိမ်းရှောင်Next
Previous Post

ကျောက်ဖြူမှာ စစ်ဘေးရှောင်နှစ်ဦးကို စစ်ကော်မရှင်တပ်ဖမ်းဆီး

Next Post

ကျောက်မဲမှာစစ်ကော်မရှင်တပ်ပစ်ခတ်တိုက်လိုက်လို့ အရပ်သား ၈၆၀၀ နေရပ်စွန့်ခွာတိမ်းရှောင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

March 12, 2026
Photo - KNU

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

March 12, 2026

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

AA လေ့ကျင့်ပေးတဲ့ SRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

Releated Post

အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ပေါ်မှာ မီးလောင်မှုဖြစ်ပွား

March 13, 2026
​ဓာတ်ပုံ - စစ်ကော်မရှင်တပ်

PDF တွေထိန်းချုပ်ထားတဲ့တကောင်းမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

March 13, 2026

ရေနံဈေး ဒေါ်လာ ၂၀၀ အထိ တက်လာနိုင်တယ်လို့ အီရန် ခြိမ်းခြောက်

March 12, 2026
Photo - KNU

ခလယ်လွီထူမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သား ၆ ဦး သေဆုံး

March 12, 2026
ဓာတ်ပုံ - SRA

AA လေ့ကျင့်ပေးတဲ့ SRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

March 12, 2026
ဓာတ်ပုံ - KNU

ဆောထိမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံး

March 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page