အင်တာဗျူး
Border News Agency
ရန်ကုန်၊စက်တင်ဘာ ၂။
လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီမှာပြည်သူ့ပါတီက ရန်ကုန်တိုင်းမှာတိုင်းရင်းသားရေးရာကိုယ်စားလှယ်ဝင်ပြိုင်မှာပါ။
အဲဒီကိုယ်စားလှယ်လောင်းဦးသာစိန်ကိုပေါ်ဗျူလာဂျာနယ်က သီးသန့်အင်တာဗျူးမေးထားတာကို ပြည်သူလူထုသိအောင် ဖော်ပြလိုက်ပါတယ်။
“မိဘပြည်သူများ…သာလီစွပါခဗျာ။
ကျွန်တော်ကတော့…ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်တိုင်းရင်းသားရေးရာကိုယ် စားလှယ်ဖောင်တင်ထားတဲ့ ဦးသာစိန်ဖြစ်ပါတယ်။”
“ကျွန်တော်ပါတီကိုဝင်ပြီးတော့ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်ဝင်ရောက်ရွေးချယ်ရတဲ့ရည်ရွယ်ချက်က နှစ်မျိုး ရှိပါတယ်။”
ပထမတမျိုးကတော့..
“ကျွန်တော်အမျိုးဘာသာသာသနာကိုစောင့်ရှောက်ချင်ပါတယ်။ရက္ခိတလမ်း စဉ်ကိုလိုက်နာတဲ့လူတယောက်ဖြစ်ပါတယ်။”
“နောက်ပြီးတော့ရန်ကုန်တိုင်းမှာ နည်းလမ်းပေါင်းစုံနဲ့ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသားတွေ၊လူငယ်တွေကို အဓိကဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်ပေးချင်တဲ့ရည်ရွယ်ချက်နှစ်ချက်ရှိပါတယ်။”
“အဲဒီရည်ရွယ်ချက်များနဲ့ကျွန်တော် အဓိကရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ရခြင်းဖြစ်ပါတယ်ခဗျာ။”
“ရန်ကုန်မှာရခိုင်တွေအများကြီးရောက် လာကြတဲ့ရည်ရွယ်ချက်က ရေကြည် ရာမြက်နုရာ သဘောမျိုးပဲပေါ့။”
“သူတို့ကဘာဖြစ်လို့ဘဲဆိုတော့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ အဆင်မပြေပါဘူး။”
“တိုက်ပွဲတွေကလည်းဖြစ်တော့အဆင်မပြေပါဘူး။ကျွန်တော်တို့ဆို ရန်ကုန် တိုင်းကိုရောက်တာနှစ်ပေါင်းလေးဆယ်လောက်ရှိပြီ။”
“ကျွန်တော်တို့ကိုအားကိုးပြီးပြောင်းလာတဲ့သူတွေရှိပါတယ်။ဘုန်းကြီးကျောင်းတွေကိုအားကိုးပြီးပြောင်းလာတဲ့သူတွေရှိပြီးတော့…။”
“သူတို့အသက်မွေး ဝမ်းကျောင်းရပ် တည်နေကြတဲ့သူတွေရှိတာပေါ့။”
“အဲဒီရပ်တည်ကြတဲ့သူတွေမှာလည်းအ ခြေကျသွားတဲ့သူတွေရှိပါတယ်။အခြေမကျတဲ့လူတွေလည်းရှိတာပေါ့။”
“အဲဒီအခြေမကျတဲ့လူတွေမှာကို ပြောရမယ်ဆိုရင် ဒီလိုမျိုးကူညီတာထက်စာရင် ရှေ့ဆောင်လမ်းပြအနေနဲ့မားမား မတ်မတ်ရပ်တည်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့အခြေအနေတခုနဲ့ကူညီချင်တာပေါ့။”
“အဲဒီလိုမျိုးပါ။ တော်တော်များများက တော့စစ်ဘေးရှောင်တွေများပါတယ်။”
သူတို့ကိုတော့ ကျွန်တော်က စည်းရုံးရေးဆိုတာထက် အားပေးကူညီရေးနဲ့သွားချင်တာပေါ့။ အားပေးကူညီရင်းနဲ့ ကျွန်တော်ရဲ့စေတနာ၊ မေတ္တာတွေကို သိလာတဲ့တချိန်ကျမှသာ သူတို့ရဲ့တုံပြန်မှုကိုလိုချင်တာပါ။”
ဆက်လက်ဖော်ပါမယ်။