Border News Agency
စစ်ကိုင်း၊ စက်တင်ဘာ ၁၆။
စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့လေးဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင်အမှတ်၄တပ်ရင်းက စက်တင်ဘာလ ၁၆ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ စက် တင်ဘာလ ၁၆ ရက်၊ ဒီနေ့မနက် ၈နာရီအချိန်ခန့်က ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတာကြောင့် အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်တာကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ဦး ဆောင်ပြီး မုံရွာခရိုင်ပြည်သူ့ကာကွယ် ရေးတပ်မတော်တပ်ရင်း ၂၈ တပ်ခွဲ ၃နဲ့ မူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း ၄ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။