Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကန့်ဘလူမြို့နယ်၊ မဲသယ်ကျေးရွာကို ဇန်နဝါရီလ ၂ ရက်၊ မနေ့ည ၁၀ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမဲသည်ကျေးရွာကမိသားစုတစုမှ အသက်မပြည့်သေးတဲ့ကလေး မောင်ပိုင်ဇေ၊ ကိုမင်းဌေး၊ မဖြူသီးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအအပြင် ကိုကျော်ဇောဦး၊ မနီလာဝင်း၊ ကိုမျိုးကျော်၊ မယမင်းသူ၊ ကိုအောင်မင်းထွန်း၊ ကိုဖိုးဇော်နဲ့ ဦးမြဌေးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမဲသည်ကျေးရွာကို မနေ့ညနေ ၁၀ နာရီကျော်အချိန်ခန့်မှာ စစ်ကော်မရှင်တပ်လေကြောင်းမှ ပေါင် ၃၀၀ ဗုံးတလုံး၊ ရော့ကတ်ဗုံးတွေနဲ့လည်း ပစ်ခတ်သွားတယ်လို့ဆိုပါတယ်။
အဲဒီလိုပစ်ခတ်ခံတာကြောင့် နေအိမ်ရှစ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။














