Border News Agency
မြောက်ဦး၊ မတ် ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးခရိုင်မှာကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ဝါဖြေပြီးဆုံးပွဲကို ULA/AAတာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။
မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာကျင်းပတဲ့ ဒီပွဲကိုစစ်ဘက်နဲ့အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတာပါ။
အဲဒီပွဲအတွင်းမှာတော့ ဘာသာရေးအရစုပေါင်းဆုတောင်းတာတွေပြုလုပ်ခဲ့ကြသလို လာရောက်သူတွေကိုလည်း ရိုးရာမုန့်တွေနဲ့ဧည့်ခံခဲ့ကြပါတယ်။
အခုလိုစည်စည်ကားကားကျင်းပခွင့်ရတဲ့အပေါ် ဒေသခံဘာသာရေးခေါင်းဆောင်တွေက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေဟာ ရာမဒမ်လအတွင်းတလကြာဝါကပ်ပြီးနောက် အခုလိုဝါဖြေပွဲကိုနှစ်စဉ်ကျင်းပကြတာဖြစ်ပါတယ်။
























