Border News Agency
နေပြည်တော်၊ မတ် ၁၈ ။
တတိယအကြိမ်အမျိုးသားလွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၈ ရက်၊ဒီနေ့မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင်ကိုရွေးချယ်တင်မြှောက်လိုက်ပါတယ်။
ဒီနေ့အစည်းအဝေးမှာ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရာထူးတွေကို အတည်ပြုခဲ့တာပါ။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်လာသူ Jeng Phang နော်တောင်ဟာ ကချင်ပြည် မဲဆန္ဒနယ်အမှတ် ၂ ကနေ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ရွေးကောက်ခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ အရင်ကလည်း လွှတ်တော်တွင်းမှာ အတွေ့အကြုံရှိတဲ့ ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။
ဒီနေ့မှာပဲ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးကိုလည်း ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။
အခု Jeng Phang နော်တောင်ကိုပါ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်တဲ့အတွက် အမျိုးသားလွှတ်တော်ရဲ့ အကြီးအကဲ နှစ်ဦးစလုံးဟာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ ဖြစ်လာပါတယ်။






