Border News Agency
ပုဏ္ဏားကျွန်း၊ မတ် ၁၉။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ၉ ကြိမ်မြောက်မြိုအမျိုးသားနေ့ကို မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဲဒီပွဲကို ULA/AAတာဝန်ရှိသူတွေအပြင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ဒေသခံလေးရာကျော်တက်ရောက်ခဲ့ကြတာပါ။
အဲဒီပွဲမှာ မြိုရိုးရာအကအလှတွေ၊ တေးဂီတတွေနဲ့ဖျော်ဖြေခဲ့ကြသလို ULA/AA ကလည်း ကပြဖျော်ဖြေတဲ့အဖွဲ့တွေကို ဆုတွေချီးမြှင့်ခဲ့ပါတယ်။
အဲဒီမြိုအမျိုးသားနေ့ကျင်းပနိုင်ဖို့ ULA/AA အဓိက ကူညီပံ့ပိုးပေးခဲ့တာပါ။
အဲဒီမြိုလူမျိုးတွေဟာ နောင်အနာဂတ်မှာ ULA/AA နဲ့အတူ လက်တွဲသွားမယ်လို့ ဆိုကြပါတယ်။
























